Fact Check: ၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

False လူမှုရေး

ပုဂံဘုရားတွေကိုမိုင်းခွဲသွားတာတဲ့ မြင်ကွင်းဆိုပြီးတော့ ဘုရားတစ်ဆူအနီးမှာ မီးလောင်နေတဲ့ မြင်ကွင်း ဓာတ်ပုံတစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ပုဂံမြို့သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်း မီးလောင်မူဖြစ်ပွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

“ယနေ့..နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်😭

အရမ်းဝမ်းနည်းမိတယ်.. ပုဂံဘုရားများ..မိုင်းခွဲသွားတာ😭💔

မြန်မာမှာပုဂံဆိုတာဘုရားစေတီအပေါဆုံနေရာ….ဒါလေးမှမupရင်လည်း…မင်းတိုကမြန်မာမဟုတ်တော့ဘူး😊🖕🏻

#Up

#savemyanmarplz

#crdphoto

#crd”လို့ရေးသားပြီး “San Myint Aye” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအရေအတွက် ၈ ထောင် ၄ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ကတည်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“17-2-2019  12:45  အချိန်ခန့်-မန္တလေးတိုင်းဒေသကြီး  ပုဂံမြို့ သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်မီးလောင်မူဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်ပုဂံမြို့အရန်မီးသတ်တပ်ဖွဲ့များမှ  မီးသတ်  ယာဉ်(  2  )စီးဖြင့်ထွက်ခွာငြှိမ်သတ်လျှက်ရှိပါသည် ။

                          ပုဂံမြို့ 

                အရန်မီးသတ်တပ် ဖွဲ့

(MCRA)SH.Oo.Aung.Ko.မျှဝေသည်။”လို့ရေးသားပြီး KalayMyo MCRA အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  KalayMyo MCRAArchive link

၂၀၁၉ ခုနှစ် ‌ဖေဖော်ဝါရီ ၁၇ ရက်မှာ ဘီဘီစီ သတင်းဌာနတွေကလည်း မင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှု သတင်းဖော်ပြခဲ့တာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ပုဂံဘုရားများဗုံခွဲခံရတဲ့ ဓာတ်ပုံအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံကို ၂၀၁၉ ခုနှစ် မင်းနန်သူရွာ ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *