Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

Missing Context လူမှုရေး

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ 

 “ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊

ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊

အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊

#DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ ၂၄ နာရီအတွင်းမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂ ထောင်ရှိပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို  ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

 အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ Rotary Club of Yangon အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီစာမျက်နှာကို မတွေ့ရှိရတော့ပါဘူး။

၂၀၁၆ ခုနှစ် ဩဂုတ် ၇ ရက်ရက်စွဲ ဒီစာမျက်နှာမှာတင်ခဲ့တဲ့ဓာတ်ပုံ screenshot အရ ထိုအချိန်က ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ပါမောက္ခ ဦးညွှန့်သိန်း၊ Rotary Club of Yangon ဉက္ကဌ ဒေါက်တာ သန်းဝင်းနဲ့ စီမံကိန်းဝန်ဆောင်မှု ဉက္ကဌ ဒေါ်ဟေမာတို့ အနာဂတ် စီမံကိန်းများနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်က ဒေါက်တာဇော်ဝေစိုး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံနေပုံကိုလက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားခြင်းဖြစ်ပါတယ်။

Avatar

Title:၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *