
ပျက်ဆီးနေသော ရထားသံလမ်း၊ တိမ်းမှောက်နေသော ရထားတွဲနှင့်အတူ ကချင်မှာ လက်ရှိဖြစ်သွားတဲ့ အဖြစ်အ ပျက်အဖြစ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှ ဝေနေပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် ရထားစက်ခေါင်းတွဲလမ်းချော်တိမ်းမှောက်မှုနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရထားလမ်းပိုင်း မှိုင်းခွဲခံရမှုဖြစ်စဉ်တွေက ပုံဖြစ်ပါတယ်။
တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ မဲဇာဘူတာမရောက်ခင် ၆ မိုင်ခန့် အကွာ သဲချောင်းရွာအနီးရှိ သဲချောင်းတံတားမှာ မတ် ၁၂ ရက် မှိုင်းခွဲဖျက်ဆီးခံရတဲ့ သတင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ် ကြောင့် ရထားတိမ်းမှောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
ရထားခေါင်းတွဲတိမ်းမှောက်မှုဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ၂၀၁၆ ခုနှစ် ခုနှစ်က ဇန်နဝါရီ ၁၈ ရက်စွဲနဲ့ သစ်ထူးလွင်သတင်းဝက်ဘ်ဆိုဒ်က မျှဝေထားတဲ့ သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်တွင် ရထား စက်ခေါင်းမောင်း ဦးဖုန်းနိုင် နှင့် ဂါတ်ဗိုလ် ဦးဝင်းလှိုင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-2041 မြစ်ကြီးနား – မန္တလေး အမှတ် ၉၃၄ အစုန် ကုန်ရထားသည် နဘား ဘူတာမှ အင်းတော်ဘူတာသို့ ထွက်ခွာလာစဉ် အင်းတော်မြို့နယ် အဝင် မိုင်တိုင်အမှတ် (၅၈၇/၁၉) နှင့် (၅၈၇/၂၀)ကြား ရထားလမ်းပေါ်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲတိမ်းမှောက်ခဲ့ပြီး တွဲတစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။”လို့ရေးသားထားပါတယ်။
မူရင်းလင်ခ့် – Thithtoolwin | Archive link
အခြားသော သံလမ်းပိုင်းဆိုးရွားစွာပျက်ဆီးနေတဲ့ပုံကိုလည်း ၂၀၁၈ ခုနှစ်က မေ ၁၇ ရက်က ဖော်ပြခဲ့တဲ့ မဇ္ဈိမ သတင်း တစ်ပုဒ်မှာ အသုံးပြုထားတာတွေ့ရပြီး ကချင်ပြည်နယ်တွင် မိုးကောင်းမြို့နယ်တွင် သံလမ်း တစ်လျှောက် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့တဲ့အကြောင်းရေးသားထားပါတယ်။
မူရင်းလင်ခ့် – Burmalink.org | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပျက်ဆီးနေသော ရထားသံလမ်း၊ တိမ်းမှောက် နေသော ရထားတွဲပုံတွေကို အသုံးပြုပြီး ကချင်မှာဖြစ်သွားတဲ့ လက်ရှိအဖြစ်အပျက်အဖြစ် ဖော်ပြနေ ခြင်းဖြစ်ပါတယ်။

Title:ဒီပုံတွေက လက်ရှိ ရထားသံလမ်းမိုင်းခွဲခံရခြင်းနှင့်သက်ဆိုင်မှုမရှိပါ
Fact Check By: Nayar MaungResult: Misleading