Fact Check:  မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

False နိုင်ငံတကာ၊ | International

ဂျပန်မှာ ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် ၂၀ ကြာပြတ်တောက်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးက မီးပြတ်ချိန်အတိုင်း ပြည်သူ့ရှေ့မှောက်မှာ ဦးညွှတ်ပြန်တောင်းပန်ခဲ့တဲ့ပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံနေတာတွေ့ ရပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်ပါတယ်။

စင်မြင့်တစ်ခုပေါ်ကနေ အနောက်တိုင်းဝတ်စုံဝတ်အမျိုးသားတစ်ယောက်က စင်အောက်က လူတွေကို ခါးကိုင်း ခေါင်းငုံ့ပြီး တောင်းပန်တယ်လို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံပါဝင်ပြီး “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တော က်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူရှေ့ ပြည်သူရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ”လို့ရေးသားလည်း ရေးသားထာပါတယ်။

ယဉ်‌ကျေးတဲ့အမူအယာ၊အလုပ်လုပ်တာတိကျမှု၊ အချိန်လေးစားမှုဆိုတဲ့ စကားလုံးတွေဟာ ဂျပန်လူမျိုးတွေရဲ့ သင်္ကေတပဲပါ။

သို့သော်လည်း ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဂျပန်လျှပ်စစ်ဝန်ကြီးလည်းမဟုတ်သလို လျှပ်စစ်မီးပျက်လို့ တောင်းပန်နေခြင်းလည်းမဟုတ်ပါဘူး။

“မြန်မာပြည်မှာသာဝန်ကြီးလာဖြစ်ရင် တောင်းပန်ရရိုးနဲ့ လဲကျသေနိုင်တယ်”လို့ရေးသားပြီး “အင်္ဂလိပ်-မြန်မာအဘိဓာန်-ရွှေအိမ်စည်” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မေ ၆  ရက်ကအောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကိုတောင်းပန်နေပုံအဖြစ် မြန်မာဘာသာနဲ့ ဒီလိုတူညီတဲ့ပြောဆိုရေးသားမှုတွေကို ၂၀၁၈ ခုနှစ်ထဲကတည်းက ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ဖူးတာတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဂျပန်လူမျိုးတွေဟာ ခါးကိုင်း ခေါင်းငုံ့ပြီး တစ်ဦးနဲ့တစ်ဦးတွေ့ရင် နှုတ်ဆက်လေ့ရှိတာလည်းတွေ့ရပါတယ်။

ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေပြီး အင်တာနက်မှာ အစောဆုံးဖော်ပြခဲ့တဲ့ ရလာဒ်အချိုကို စစ်ထုတ်ကြည့်မယ်ဆိုင် ဓာတ်ပုံဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်တာတွေ့ရပါတယ်။

ဒီလိုရလာဒ်တွေထဲမှာ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ Alamy.com လည်းပါဝင်ပြီး ဒီဓာတ်ပုံစာ သားအဖြစ် အောက်ပါအတိုင်းရေးသားထားပါတယ်။

“တိုကျို၊ဂျပန်။ ဇူလိုင်လ 6 ရက်၊ 2015 ခုနှစ်။ Honda Motor Co. ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်အသစ် Takahiro Hachigo သည် ဂျပန်နိုင်ငံ၏ ထိပ်တန်းမော်တော်ကားထုတ်လုပ်သူ၏ ဦးဆောင်မှုကို ရယူပြီးနောက် တနင်္လာနေ့၊ ဇူလိုင်လ 6 ရက်၊ 2015 ခုနှစ် တိုကျိုရုံးချုပ်တွင် ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။ 1982 ခုနှစ်တွင် Honda တွင် အလုပ်စတင်ဝင်ရောက်ခဲ့သော Hachigo သည် ၁၉၉၉ ခုနှစ်တွင် အမေရိကန် စျေးကွက်အတွက်အဓိကထုတ်လုပ်ခဲ့သော အမေရိကန်တွင် တည်ဆောက်သည် Odyssey minivan ၏ပထမမျိုးဆက်ကိုထုတ်လုပ်ရန်တာဝန်ယူခဲ့သည်။ ခရက်ဒစ်- Natsuki Sakai/AFLO/Alamy တိုက်ရိုက်သတင်”

မူရင်းလင်ခ့် – AlamyArchive link  

ဒီလို ဂျပန်တွေရဲ့ ယဉ်ကျေးမှုနဲ့ တာဝန်ယူမှုကို ဖော်ကျူးချီးမွှမ်းလျှက် မိနစ် ၂၀ လျှပ်စစ်ပြတ်တောက်ခဲ့လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက တောင်းပန်တယ်ဆိုပြီး အခြားသော ဘာသာစကား အသုံးပြုသူတွေအကြားမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ Fact Crescendo Srilanka က ဒီလိုအကြောင်းအရာဟာ မဟုတ်ကြောင်း အချက်အလက်စိစစ်ဖူးသလို ၂၀၂၂ ခုနှစ် ဧပြီလထဲမှာလည်း Fact Crescendo Cambodia က အချက်အလက်စိစစ်ဖူးပါတယ်။  

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ လျှပ်စစ်မီး မိနစ် ၂၀ ပြတ်တောက်ခဲ့လို့ ဂျပန်လျှပ်စစ်ဝန်ကြီး အများပြည်သူကို တောင်းပန်နေတယ်ဆိုတဲ့ ဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်က Honda ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂိုရဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

Avatar

Title:Fact Check: မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *