Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အထူးသတင်း ‌ဇော်မဲလုံးPDFထံအလင်းဝင် နေပြည်တော်ပစည်းဝေးမှာသူ့ကိုဆဲကြလို့ စိတ်ဆိုးပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားတာဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် […]

Continue Reading

Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု 

လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၇ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ  ၉ သိန်းကျော်ရှိထားတယ်။  “လားရှိုး အရေးပေါ်ဖြစ်နေပြီ PDF တွေက ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ တရုတ် ငြိမ်းချမ်း‌ရေး အဖွဲ့ဝင်တွေ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  “မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading

Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ရန်ကုန် ၊ မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီ စစ်သားတွေ အကုန်ထွက်ပြေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာလုပ်ပါတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို  PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီလို့ ဆိုထားတဲ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဇန်နဝါရီ ၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့ဓာတ်ပုံနဲ့  စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နေပြည်တော် တိုက်ခိုက်ခံရ(အရေးပေါ်) စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို PDF အလုံးရင်းနဲ့ ထိုးဖောက်နေပြီ ၊ ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်မီဒီယာ”ရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု

အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading