Fact Check: သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

False နိုင်ငံရေး | Politics

၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေပြုလုပ်တာကြောင့် နိုင်ငံတော်သမ္မတဦးဝင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုတရားလွှတ်တော်ရုံးက ဇန်နဝါရီလ ၂၅ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်ထားတယ်ဆိုပြီး RFM (Radio Free Myanmar)တံဆိပ်နဲ့ ရေးသားထားတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ကူးယူတာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “သမ္မတဝင်းမြင့်ပထမဆုံးသူခိုးအဖြစ်သမိုင်းဝင်ပြီ”လို့ ခေါင်းစဉ်တပ်ထားကာ RFM (Radio Free Myanmar)တံဆိပ်နဲ့ရေးသားထားတာကို ယခုလိုပြန်ရေးသားထားပါတယ်။ “၂၀၂၀ ရွေးကောက်ပွဲတွင် မဲများကို ပက်ပက်စက်စက်ခိုးမှု့များ ပေါ်ပေါက်၍ ၎င်းခိုးမှု့အတွက် အဓိကတရားခံများဖြစ်သောသူခိုးများကို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှု့ဆင့်ခေါ်စာထုတ်ပြန်၍ ၂၅-၁-၂၀၂၀ နေ့တွင် Zoom meeting မှ တဆင့်အမှု့ရင်ဆိုင်ဖို့ ဆင့်ခေါ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သမ္မတဝင်းမြင့်နှင့်အဖွဲ့သည် မြန်မာ့သမိုင်းတွင် ပထမဆုံးသူခိုးအဖြစ် သမိုင်းဝင်ပြီဖြစ်သည်။ “မဲခိုးတယ်ဆိုတာကို လူတွေကပေါ့ပေါ့လေးနားလည်တဲ့သဘောရှိနေတယ်။ တကယ်က မဲခိုးတယ်ဆိုတာက နိုင်ငံသားတွေရဲ့အနာဂါတ်ကိုခိုးတာလေ၊ ကိုယ့်ကိုမထောက်ခံဘဲ မဲခိုးပြီးအုပ်ချုပ်လို့ ပိုကောင်းလာရင် ကိစ္စမရှိဘူးဆိုပေမယ့် လူ့ကျင့်ဝတ်အရဖြစ်ဖြစ် နိုင်ငံရေးသိက္ခာအရဖြစ်ဖြစ် မလုပ်သင့်တဲ့ကိစ္စဘဲ၊ ဥပဒေကလည်း ခိုးတာလိမ်တာကို ခွင့်မပြုပါဘူး။ အခုတော့ သူခိုးဆိုတဲ့သ မိုင်းတွင်တော့တာပေါ့”ဟု နိုင်ငံရေးလေ့လာသူကိုမြင့်ဇော်က RFM သို့ပြောကြားသည်။ ယခုကဲ့သို့ မဲခိုးပြီး မဖြေရှင်းရဲဘဲ ပုန်းနေကြသောကြောင့် မဲသူခိုးများဟာ သမိုင်းတွင်လူ့ချဉ်ဖတ်ဖြစ်ကြတော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။ အောင်အောင်ထွန်း (Country Correspondant) Radio Free Myanmar”လို့ ရေးသားထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

RFMတံဆိက်နဲ့ ဒီလိုရေးသားနေတာတွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာကို Fact Crescendo Myanmarက သတိပြုမိပါတယ်။ လတ်တလောမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သမ္မတဦးဝင်းမြင့် အပါအဝင် ၄ဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးလှသိန်းအပါဝင် ၁၅ဦးတို့ကို စာချွန်တော်ဆင့်ခေါ်ထားတာကိုသာတွေ့ရပြီး တရားစွဲဖို့၊ အမှုရင်ဖို့ဆင့်ခေါ်တာ မဟုတ်သလို ပို့စ်မှာရေးသားသလို ဇန်နဝါရီလ ၂၅ရက်နေ့မဟုတ်ပဲ ၂၉ရက်နေ့မှာ ဆင့်ခေါ်တာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/ousc.publicrelations/posts/1447959318740981

အခုလိုစာချွန်တော်ဆင့်ခေါ်တာဟာ တရားလွှတ်တော်ချုပ်ရုံးက စစ်ဆေးဖို့အတွက်် အမှုလက်ခံလိုက်တာမဟုတ်ပဲ လက်ခံစစ်ဆေးသင့် မသင့်ကို ဆုံးဖြတ်ဖို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ တရားလွှတ်တော်ချုပ်ရုံးက ကြားနာဖို့အတွက် ဆင့်ခေါ်တာသာဖြစ်ကြောင်းကို သမ္မတရုံးညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဇန်နဝါရီလ ၈ရက်နေ့မှာ ပြုလုပ်တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။အောက်ပါလင့်ခ်မှာပါတဲ့ ဗွီဒီယိုဖိုင်ရဲ့ မိနစ် ၂၆မိနစ်မှ ၂၇မိနစ်အတွင်းနားဆင်ကြည့်ရှု့နိုင်ပါတယ်။

ဒီပို့စ်ကိုရေးသားတဲ့ RFM(Radio Free Myanmar)အမည်နဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ရှိခဲ့ပေမဲ့ ဒီပေ့ချ်မှာ NLDပါတီအပါဝင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သတ်တဲ့ သတင်းအမှားတွေ၊ သတင်းအတုတွေကို အဓိကရေးသားခဲ့ပြီး နောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်ခ်ကနေ အဲ့ဒီ့ပေ့ချ်ကို ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်လိုက်ပေမဲ့ RFM(Radio Free Myanmar)အမည်၊ တံဆိပ်နဲ့ သတင်းအမှားတွေကို ထပ်မံရေးသားနေတာတွေ့ရပါတယ်။ RFMတံဆိပ်နဲ့ သတင်းအတု သတင်းအမှားတွေရေးသားထားကို Fact Crescendo Myanmarက ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အချက်အလက်စိစစ်ပြီးဖြစ်ပါတယ်။

ဒါ့အပြင် RFMတံဆိပ်နဲ့ သတင်းအမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး ပြည်တွင်းမှဒီယာတွေဖြစ်တဲ့ Myanmar Nowသတင်းဌာနနဲ့ Frontier Myanmarတို့ကလည်း ရေးသားထားတာတွေရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောလေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

ဒီပို့စ်မှာရေးသားသလိုမျိုး သမ္မတဦးဝင်းမြင့်ကို တရားဆွဲပြီး အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာမဟုတ်ပဲ ပြည်ထောင်စုတရားလွှတ်တော်ရုံးမှ စာချွန်တော်အမှုကို လက်ခံစစ်ဆေးသင့် မသင့်ကို ကနဦး ကြားနာဖို့အတွက် ဆင့်ခေါ်တာသာဖြစ်ပြီး အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းတဲ့ရေးသားချက်ဖြစ်ပါတယ်။

Avatar

Title:သမ္မတဦးဝင်းမြင့်ကို တရားစွဲလို့ အမှုရင်ဆိုင်ဖို့ ဆင့်ခေါ်တာလား- မဟုတ်ပါ

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *