Fact Check: NUG ရဲ့ လုပ်ကြံမယ့်စာရင်းရှိသလား-မဟုတ်ပါ

Explainer လူမှုရေး

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကလုပ်ကြံသတ်ဖြတ်မယ့် စာရင်းပေါက်ကြားမှုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုအတော်များများက မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီလိုလုပ်ကြံစာရင်းမရှိဘူးလို့ NUG တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။ 

 “Aunglan Media Group” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “NUG.က လုပ်ကြံမည့်စာရင်း ပေါက်ကြား သီတဂူဆရာတော်ဘုရားကြီး ပါချုပ်ဆရာတော်ဘုရားကြီး ဦးခင်ရွှေ ခန့်စည်သူ ဒေါ်နွဲ့နွဲ့စန်း ကိုကိုကြီး သူရရွှေမန်းအပါအဝင် တစ်ရာကျော်စာရင်း…နိုင်ငံတကာသံတမန်များထံ ပေါက်ကြားခဲ့သည်”လို့ ရေးသားပြီးမျှဝေထားတွေ့ရပါတယ်။

အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

 အချက်အလက်စိစစ်ချက်

လုပ်ကြံသတ်ဖြတ်မယ့်စာရင်း မရှိသလို မူဝါဒလည်းမရှိကြောင်းနဲ့  ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOA Burmese သတင်းဌာနကို ငြင်းဆိုထားပါတယ်။

မူရင်းလင်ခ့် – VOA Burmese  |  Archive Link

ဒီလိုလုပ်ကြံမယ့်စာရင်းရှိရင်ဟာ သိက္ခာချဖို့အတွက်လုပ်တဲ့ လုပ်ရပ်လို့ ဝေဖန်ထားပြီး NUG ကလုပ်ထားတဲ့ စာရင်းဆိုရင် သက်သေပြပါလို့ NUG နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း DVB TV News နဲ့ဆက်သွယ်မေးမြန်းချက်မှာပြောကြားထားတာတွေ့ရပါတယ်။

NUG က လုပ်ကြံသတ်ဖြတ်မယ့်စာရင်းအဖြစ် သံတမန်အသိုင်းအဝိုင်းကို ဖြန့်ဝေထားတဲ့ နာမည်စာရင်းကို သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးက သံတမန်အသိုင်း အဝိုင်းကို နိုဝင်ဘာ ၈ရက်က ပေးပို့ခဲ့တဲ့ အီးမေးလ်မှာဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒီမေးလ်ထဲမှာတော့ အခုလို နာမည်တွေပါမပါမသိရပေမဲ့ အဓိကအားဖြင့် ဒေါက်တာမင်းဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ပါဝင်တယ်လို့ ရေးသားထားပါတယ်။

ဒီလို လုပ်ကြံမယ် စာရင်းကို ပျံ့နှံ့ခဲ့မှုနဲ့ပတ်သက်တဲ့  ဧရာဝတီသတင်းဌာနက နိုဝင်ဘာ ၁၅ ရက်စွဲနဲ့ သတင်းဆောင်းပါးတစ်ပုဒ်ရေးသားခဲ့တာတွေ့ရပါတယ်။ ဒီဆောင်းပါးမှာ လုပ်ကြံသတ်ဖြတ်မှုစာရင်းဟာ စစ်တပ်နဲ့ဆက်နွှယ်တဲ့ သူတွေဆီကစတင်ပျံ့နှံ့ခဲ့တာကို ထောက်ပြထားပြီး ဒီစာရင်းမှာပါတယ်ဆိုတဲ့ ဦးအောင်နိုင်ဦး ဟာ အမှန်တကယ်အသက်အန္တရာယ်အတွက် စိုးရိမ်မှုရှိခဲ့ရင် သံတမန်အသိုင်းအဝိုင်းကို လျို့ဝှက်စာပို့မယ့်အစား မိတ်ဆွေအပေါင်းအသင်းတွေရှိတဲ့ NUG ကိုပဲ စာပို့သင့်တယ်လို့ NUG သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ NUG ကလုပ်ကြံသတ်ဖြတ်မယ့်စာရင်းဟာ အထောက်အထားမရှိသလို NUG တာဝန်ရှိသူတွေကလည်း ငြင်းဆိုထားပါတယ်။

Avatar

Title:NUG ရဲ့ လုပ်ကြံမယ့်စာရင်းရှိသလား-မဟုတ်ပါ

By: Zun Zee 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *