Fact Check: ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

Missing Context လူမှုရေး

ဆိုင်ကယ်တစ်စီးပေါ်မှာ အောက်စီဂျင်အိုးတင်ကာ ကလေးငယ်ကို အောက်စီဂျင်းပေးပြီး အမျိုးသမီး တစ်ယောက် က ပွေ့ချီလျှက် ဆိုင်ကယ်စီးသွားတာတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်သဖွယ်မျှဝေထားရာမှာ ဖေ့စ်ဘွတ် အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်ခြင်းမရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ဆိုင်ခြင်းမရှိပဲပါဘူး။

“မင်းအောင်လှိုင်ရယ် မင်းမြေးလေးတွေ ကျမ္မာပါစေကွာ”လို့ ရေးသားပြီး “Khin Maung Htay” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီပို့စ်ရဲ့အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ထိုင်းနိုင်ငံက ပုံဖြစ်တယ်လို့ မှတ်ချက်ပေး ရေးသားထားတာတွေ့ရပါတယ်။ Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာလည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲကတည်းက အင်တာနက် မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ 

ဓာတ်ပုံကို Nannakorn Pinkong အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က ထိုင်းဘာသာစကားနဲ့ ပထမဆုံးမျှဝေထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံမှာကြည့်ရင် ဆိုင်ကယ်နံပါတ်ဟာ ထိုင်းစကားလုံးနဲ့ ထိုင်းနံပါတ်ပြားဖြစ်တာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Nannakorn PinkongArchive link

သုံးသပ်ချက်

ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပြီး လက်ရှိဖြစ်ပျက်နေတဲ့ ကိုဗစ်-၁၉ ကာလနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *