
ကယားပြည်နယ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့အတူ လွိုင်ကော်မြို့အခြေအနေဆိုပြီး ဝေဟင်ကရိုက်ထားတဲ့ မီးဆွဲလောင်ပြီး မီးခိုးတန်းထွက်နေတဲ့ မြို့ပြမြင်ကွင်းကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းက ဖေ့စ်ဘွတ်မှာမျှဝေခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံမြင်ကွင်းနဲ့အတူ ကလေးငယ်ကို ချီပွေ့လျှက် သစ်ပင်ကို အကာအကွယ်ယူနေတဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတစ်ယောက်ကို ပျောက်ကျား ဝတ်စုံဝတ်လူ ငယ်တစ်ယောက်က ထမ်းပိုးလာဟန် ဓာတ်ပုံ ၂ ပုံလည်း ပြန်လည်မျှဝေလျှက်ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံ ၃ ပုံထဲက မီးလောင်နေတဲ့မြင်ကွင်းဓာတ်ပုံဟာ အောက်တိုဘာလထဲမှာ ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“ဒါက Loikaw မြို့
မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော😭
#kayahstate💔”လို့ရေးသားပြီး “Khun Oo Reh”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်မျှဝေမှုပေါင်း ၁၈၀၀ ရှိပါတယ်။
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်တပ်အာဏသိမ်းပြီးချိန် အစောပိုင်းကတည်းက ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၆ ရက်ကစပြီး လွိုင်ကော်မြို့မှာ စစ်တပ်နဲ့ ကယားဒေသလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး မြို့ခံအမြောက်အများထွက်ပြေး တိမ်းရှောင် နေရတာကို ဧရာဝတီသတင်းဌာနရဲ့ ဒီလင့်ခ်နဲ့ မြန်မာနောင်းသတင်းဌာနရဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။
သို့သော်လည်းမှာ မီးလောင်နေတဲ့ ဒီဓာတ်ပုံကိုရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်း အွန်လိုင်းမှာ ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။
“ထန်တလန်မီးရှို့ခံရပြီးနောက် မီးရှို့ပြီး နောက်ထပ် ဖလမ်းမှာ အင်အားထပ်မံဖြည့်တင်းရောက်ရှိလာတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့အရေးယူပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့တောင်းဆိုပါသည်”လို့ ရေးပြီး ChinHumanRightOrg က ၎င်းတို့ရဲ့ တွစ်တာစာမျက်နှာကနေ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ချက်မှာဖော်ပြထားတာရာမှာ ဒီဓာတ်ပုံတွေထဲက တစ်ပုံကိုအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – CHRO | Archive link
လွိုင်ကော်မြို့မြင်ကွင်းအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ChinHumanRightOrg ကဖော်ပြထားတဲ့ဓာတ်ပုံကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အခြားသောဓာတ်ပုံ ၂ ပုံဟာကတော့ လွိုင်ကော်မြို့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်တဲ့ မြင်ကွင်းအဖြစ်ဖော်ပြချက် အများအပြားမှာတွေ့ရပြီး လွိုင်ကော်ကိုလေကြောင်းက တိုက်ခိုက်မှုဖြစ်စဉ်နဲ့ တစ်ချိန်ထဲပျံ့နှံ့ခဲ့တာတွေ့ရပြီး အခြားသောဆန့်ကျင်ဘက်အထောက်အထားရှာဖွေမတွေ့ရှိပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လွိုင်ကော်မှာလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှုမြင်ကွင်း အချို့ကို တွေ့ရှိရပေမဲ့ မီးလောင်မှုဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ထန်တလန်မြို့မီးရှို့ခံရမှုဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။

Title:Fact Check: ထန်တလန်မီးရှို့ခံရမှုမြင်ကွင်းကို လွိုင်ကော်မြို့ကမြင်ကွင်းအဖြစ်ပျံ့နှံ့
Fact Check By: Nayar MaungResult: Missing Context