
ရဟတ်ယာဉ်တစ်စီး ပျံသန်းနေစဉ်အတွင်းမှာ မီးလောင်ပျက်ကျသွားတဲ့ဗွီဒီယိုကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)က ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။
သို့ပေမဲ့ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုဖြစ်ပါတယ်။
“KIAက မအလ တိုက်လေယဉ်ကြီးပြစ်ချလိုက်တာ အဘရေမတော့ဘူး လိုအော်ပြီး ဒိုင်းဆိုပေါက်ကွဲသွားတာ 😂😂😂အားရချက်ကွာ ပတ်ဗေပုံ ပတ်ဗေပုံ ပတ်ဗေပုံ ဂျီ့”လို့ေရးသားပြီး “Zaw Aung Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်မှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၅ ရာဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မတ်လ ၁၃ ရက်ကလည်း KNU က ပစ်ချလိုက်တဲ့ရဟတ်ယာဉ်အဖြစ် ဒီဖြစ်စဉ်က ဓာတ်ပုံတစ်ချို့ပျံ့နှံ့ခဲ့ပြီး Fact Crescendo က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
အလက်ပိုမြို့လယ်မှ ပျံ့တက်လာတဲ့ ဆီရီးယားလေတပ်က Mi-17 ရဟတ်ယာဉ်တစ်စီးကို ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ ၁၁ ရက်က အလက်ပို(Aleppo)မြို့ရဲ့ Al-Nayrab ဒေသမှာ ပစ်ချခံခဲ့ရတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Babak Taghvaee – The Crisis Watch | Archive link
ကချင်လက်နက်ကိုင်က ပစ်ချလိုက်တဲ့ဗွီဒီယိုအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုနဲ့ ဆီရီးယားလေတပ်က ရဟတ်ယာဉ် ပစ်ချခံရမှုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကချင်လက်နက်ကိုင်အဖွဲ့က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ် ပျံ့နှံ့နေတဲ့ ဗွီဒီယိုဟာ ဆီရီးယားလေတပ်က ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။

Title:ဒီဗွီဒီယိုက KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ
Fact Check By: Nayar MaungResult: False