
မြန်မာနိုင်ငံမှာ ဒရုန်းကိုသေနတ်တပ်ပြီး ပစ်ခတ်စမ်းသပ်အောင်မြင်မှုဆိုတဲ့ ဗွီဒီယိုတစ်ခု ယနေ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းလာပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာနားလည်မှုလွဲစေနိုင်တာတွေ့ရပါ တယ်။
ဗွီဒီယိုထဲမှာ ဒရုန်းယာဉ်တစ်စင်းဟာ တောတွင်းတစ်နေရာမှာ ရှေ့တိုးနောက် ဆုတ်အနိမ့်အမြင့်နဲ့ သေနတ်ကို တစ်ချက်ချင်းပစ်ခတ်ပြတဲ့ မြင်ကွင်းပါဝင်ပြီး မှတ်ချက်ပေးသူအများအပြားကလည်း ဒီလိုအောင်မြင်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အတွင်းကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးပါတယ်။
“Drone နဲ့ ပစ်ခက် စမ်းသပ်မှု့ အောင်မြင်
တော်လိုက်တဲ့ အမေ့သားတွေ
“လို့ရေးသားပြီး “Kõ Ĝýî”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Youtubeမှာအဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၅ ခုနှစ် အတွင်းက အမေရိကန်နိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။
၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်စွဲနဲ့ “CNN”သတင်းဌာနက“ဆယ်ကျော်တစ်ဦးရဲ့ သေနတ်ပစ်တဲ့ဒရုန်းကို ပြည်ထောင်စုက စုံစမ်းစစ်ဆေး”လို့ ခေါင်းစဉ်တပ်ရေးသားပြီး Youtube Channel မှာတင်ထားတာတွေ့ရပါတယ်။
“ပြည်ထောင်စုအဆင့်အာဏာပိုင်တွေဟာ ဆယ်ကျော်သက်တစ်ဦးတည်ဆောက်ခဲ့တဲ့ လက်နက်သယ်ဒရုန်းနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်။ CNN က Rene Marsh ကဆက်လက်ပြောပြပါမယ်”လို့လည်း ဒီဗွီဒီယိုအညွှန်းအဖြစ်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – CNN | Archive link
၂၀၁၅ ခုနှစ် CNN သတင်းဌာနဖော်ပြချက်ပါ ဗွီဒီယိုပါမြင်ကွင်းနဲ့ ယခု PDF တွေထွင်ထားတယ်ဆိုပြီးတော့ မျှဝေနေတဲ့ ဗွီဒီယိုပါမြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံက ဆယ်ကျော်သက်တစ်ဦး တည်ထွင်ခဲ့တဲ့ ဒရုန်းပေါ်က သေနတ်နဲ့ပစ်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒရုန်းကနေ သေနတ်ပစ်တဲ့ဗွီဒီယိုက ၂၀၁၅ ခုနှစ်က အမေရိကန်က ဖြစ်စဉ်သာဖြစ်
Fact Check By: Nayar MaungResult: Misleading