ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား တ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ TNLA က ပစ်သတ်ခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုဟာ CNA ရဲဘော် ၃ ဦးက စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်သတ်မှု ဗွီဒီယိုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ် တယ်။ ၂ မိနစ် ၄၆ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်ထားသူတချို့က အဆောက်အဦးထဲမှာ စောင်ခြုံပြီး အိပ်နေတဲ့ သူ ၃ ယောက်ကို စကားအနည်းငယ်ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာ၊ဒီနေရာနဲ့ တယ်လီဂရမ်ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“စစ်ဘေးရှောင်အရပ်သားများကို TNLA အကြမ်းဖက်များမှ ရက်ရက်စက်စက် သတ်ဖြတ်။

ကျောက်မဲမြို ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့

ရှမ်းတိုင်းရင်းသား ၁ ဦးနှင့် ဗမာ ၂ ဦးကို ပလောင်စကားမတတ်လိုဆိုပြီး TNLAပလောင်အကြမ်းဖက်မှ ရက်ရက်စက်စက်သတ်ဖြတ်။”

C:-Users-User-Downloads-screenshot-www_facebook_com-2024_07_02-19_49_06 (1).png

မူရင်းလင်ခ့် – FB link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖိုင်ဟာ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်သတ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်တာတွေ့ရပါတယ်။

မေလ ၂၃ ရက်က ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား သုံးဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့မှုဖြစ်ပြီး ဒီဗွီဒီယိုဟာ ဇွန်လ ၂၂ ရက် လောက်မှာ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ပျံ့နှံ့ခဲ့ပြီးနောက် ချင်းပြည်ကောင်စီ(Chinland Council- CC)က အခုလို စစ်သုံးပန်တွေအ‌ပေါ် စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

၂ မိနစ် ၄၆ စက္ကန့်ရှည်လျားတဲ့ အခု ဗွီဒီယိုပါ မြင်ကွင်းတွေထဲက စခရင်ရှော့ ဓာတ်ပုံ ၃ ပုံနဲ့အတူ CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ဦးက ဒဏ်ရာအသီးသီး ရထားပြီး စောင်ခြုံ နေတဲ့ စစ်ကောင်စီတပ်သား ၃ယောက်ကို ပစ်သတ်ခဲ့တာဖြစ်ကြောင်းနဲ့ ချင်းပြည်ကောင်စီက အရေးယူမယ့်အကြောင်း Zalen သတင်းဌာန ကလည်း ဖော်ပြထားပါတယ်။

သုံးသပ်ချက်

ဗွီဒီယိုဟာ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား သုံးယောက်ကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့ဗွီဒီယိုဖြစ်တယ်။ ရှမ်းပြည်နယ်မှာ TNLA က စစ်ဘေးရှောင်တွေကို ကျူးလွန်ခဲ့တယ်ဆိုတာ မှားယွင်းပြောဆိုမှုသာဖြစ်တာတွေ့ရတယ်။

ပြောဆိုချက်- ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား တ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ TNLA က ပစ်သတ်

Avatar

Title:Fact Check: စစ်ဘေးရှောင်တွေကို ပလောင်စကားမတတ်လို့TNLA က ပစ်သတ်တဲ့ ဗွီဒီယိုလား - မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False