Fact Check: ဒု-ဗိုလ်ချုပ်မှူးကြီးစိုဝင်း ရာထူးမှ ထုတ်ပယ်ခံရတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

စစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရာထူးကနေ ဖြုတ်ချခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါ စရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Youtube linkArchive link

အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီလိုဖြန့်ဝေနေတဲ့ ယူကျူ့အကောင့်ဟာ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို လူတွေ စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုတွေပေးပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ချန်နယ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရာထူးကဖယ်ရှားခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။

ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာဟာ People Spring သတင်းဌာနက မတ် ၂၉ ရက်ကဖော်ပြခဲ့တဲ့ “စလင်းမြို့နယ် ကင်မွန်းချုံရွာတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟု PDF ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရာထူးကဖယ်ရှားခံရခြင်းမရှိပါဘူး။ မီဒီယာတစ်ခုက ဖော်ပြခဲ့တဲ့ စလင်းမြို့နယ် ကင်မွန်းချုံရွာမှာ စစ်တပ်နဲ့ PDF တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုသတင်းကို ပြန်လည်ကူးယူဖော်ရာမှာ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရာထူးကဖယ်ရှားခံရ 

Avatar

Title:Fact Check: ဒု-ဗိုလ်ချုပ်မှူးကြီးစိုဝင်း ရာထူးမှ ထုတ်ပယ်ခံရတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *