Fact Check: လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲခံရသူ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

False နိုင်ငံရေး | Politics

စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသူ ကောင်းဇာ နည်ဟိန်းရဲ့ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိ တာတွေ့ရပါတယ်။ အမှန်တကယ်မှာ  စစ်တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။

အောက်ပါစခရင်‌ရှော့ခ်ကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်ပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“ဖမ်းမိချိန်ဖော်ကောင်လုပ်လို့ဆိုပြီး အကြမ်းဖက် NUG pdfက 

လိုက်ရှင်းနေပြီ

ဒေါ်လီလီနိုင်ကျော် အား သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း ၏ အမေ နှင့် အမ ဖြစ်သူ နှစ်ဦးကို ယမန်နေ့ညနေ့က ၎င်းတို့နေထိုင်ရာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာရှိ ၎င်း နေအိမ်တွင် အသတ်ခံရ ။”

မူရင်းလင်ခ့် – Fb link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ၂ ခုမှာ စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံ သတ်ဖြတ်သူလို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသူ ကောင်းဇာနည်ဟိန်းရဲ့ မိသားစုကို စစ်တပ်ထောက်တိုင် ပျူစောထီးဆိုသူတွေက လာရောက်လုပ်ကြံသတ်ဖြတ်သွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။ လာရောက်လုပ်ကြံသတ်ဖြတ်သွားရာမှာပါဝင်တဲ့သူတွေကိုလည်း နာမည်နဲ့ တကွဖော်ပြရာမှာ ထန်းတပင်မြို့နယ် မဘသ ဒုဥက္ကဋ္ဌ လူမိုက် ပျူစောထီး နိုင်ကြီးအဖွဲ့က သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့တယ်လို့ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ထို့အတူ လွတ်လပ်သောအာရှအသံသတင်းဌာနကအလားတူ ဖော်ပြခဲ့တာတွေ့ရပြီး ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

စစ်တပ်ထောက်တိုင် အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခံရချိန်မှာ စစ်တပ်ထောက်ခံသူတွေက ဒီလိုလုပ်တဲ့သူတွေကို ပြန်လည်လက်တုန့်ပြန်ဖို့ တယ်လီဂရမ်အကောင့်တွေက လှုံဆော်ခဲ့တာလည်းတွေ့ရပြီး ရန်ကုန်ခေတ်သစ်မီဒီယာ တရာခံလို့ စွပ်စွဲခံရသူ ကောင်းဇာနည်ဟိန်းမိသားစုဝင် ကျောင်းဆရာမတွေကို လုပ်ကြံ သတ်ဖြတ်ခံချိန်မှာ နာမည်အတိအကျနဲ့ ဖော်ပြခဲ့ပြီးနောက် အခုလို သတင်းမှားဖြန့်ချိလာတာဖြစ်တယ်။ 

ပြောဆိုချက်- စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူရဲ့ မိသားစုကို PDF က သတ်ဖြတ်

Avatar

Title:Fact Check: လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူလို့ စွပ်စွဲခံရသူ မိသားစုကို PDF က သတ်ဖြတ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *