Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

“ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… မယုံကြတဲ့ အကြမ်းဖက်အားပေးအဖွဲတွေ ကြည့်လိုက်ကြပါအုံး မာဝီတစ်ကောင် ခလုတ်တိုက်လို ဒူးပြဲနေတာလား…အစော်ခံရလို ဟိုဒင်းဟိုဝှာပြဲသွားသလဲ ကြည့်လိုက်ကြအုံး….ခြေထောက်ကနေထိရာကနေ ခေါင်းရောအခြေအနေမေးရတဲ့ အထိဖြစ်သွားပြီတော့ မာဝီရေ မင်းလည်း မြေဩဇာဖြစ်ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ ဒုက္ခိတအဖြစ်နဲ့ ရှင်သန်နေလိုက်အုံး…အကြမ်းဖက်သမားတွေရဲ့ ဇာတ်သိမ်းကအဲဒီအတိုင်းသွားမှာပဲ”

မူရင်းလင်ခ့် – Telegram link | Archive link

ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ  မာဝီဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွိုင်ကော်ကို ပြန်လည်စိုးမိုးနိုင်ပြီလို့ ပြောကြားချက်ကို လှောင်ပြောင်ခဲ့ပါသေးတယ်။

အချက်အလက်စိစစ်ချက်

မာဝီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဒီဇင်ဘာ ၂ ရက်မှာ သူ့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ စစ်တပ်က လော်ဘီတွေရဲ့ သတင်းမှားဖြန့်ဝေမှုကို ပြန်လည်တုန့်ပြန်ထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

တကယ်တော့ KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီ ဒီလိုထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဗွီဒီယိုဟာ ဖိုင်ဟောင်းတခုဖြစ်တာ တွေ့ရပါတယ်။ ဒီအပြင် မာဝီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာပဲ ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဖြစ်တာလည်းတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲတခုမှာ ဒဏ်ရာရရှိခဲ့တဲ့ ဗွီဒီယိုသာဖြစ်တယ်လို့ မာဝီက မဇ္ဈိမသတင်းဌာနက အချက်အလက်စိစစ်သူတွေကို ဖြေကြား ထားတာလည်း တွေ့ရပါတယ်။

သုံးသပ်ချက်

လတ်တလောမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ်က ပစ်ခတ် တဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတာ မဟုတ်ပါဘူး။ ဒီလိုပြောဆိုရင် မျှဝေ ထားတဲ့ ဗွီဒီယိုဟာ မာဝီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇွန် ၁၉ ရက်မှာ မျှဝေထားတဲ့ ဗွီဒီယိုဖြစ်ပြီး ဒီဗွီဒီယိုမှတ်တမ်း ဟာ ဖေဖော်ဝါရီအတွင်း ဖြစ်စဉ်ကို ရိုက်ကူးထားခြင်းသာဖြစ်တယ်။

ပြောဆိုချက်- ဒီဇင်ဘာ ၁ ရက်နေ့က မြန်မာစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် KNDF ဒုတိယ စစ်ဦးစီးချုပ်မာဝီ ဒဏ်ရာအပြင်း အထန်ရ

Avatar

Title:Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *