နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါးတဲ့လား-မဟုတ်ပါ

False လူမှုရေး

ဉီးခေါင်းမှာ ပုံမှန်မြင်နေကြငါးတွေရဲ့ အကြေးခွံနဲ့မတူဘဲဖြစ်နေတဲ့ ငါးတစ်ကောင်ရဲ့ပုံကို နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါး ဆုတောင်းပြီး ရှဲလ်ပါ တစ်ပတ်အတွင်း ငွေဝင်လိမ့်မယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေမှု များပြားခဲ့ပါတယ်။

 “လင်း ဟေသာ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင်းစုံ နိုင်ငံတကာသတင်း”၊ “နေ့စဉ် သတင်းစုံ သတင်းမှန်”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

cele.fastmyanmar.com ကရေးသားမျှဝေတဲ့ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ ဒီပို့စ်က ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာ ဖွေမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ 

၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဗီယက်နမ်မှာလည်း ဒီငါးပုံပါတဲ့ ဓာတ်ပုံနှစ်ပုံကို လူမှုကွန်ယက်အသုံးပြု သူ့တစ်ယောက်က “ဘာလုပ်ရင်ကောင်းမလဲ”ဆိုပြီးတော့ သူ့ ကိုယ်ပိုင်အကောင့်နဲ့ မှတ်ချက်မျိုးစုံဝင်ရောက် ရေးသားမျှဝေခဲ့ပြီးနောက် လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ  ထူးထူးဆန်းဆန်းငါးအဖြစ် ဗီယက်နမ်က ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ စိတ်ဝင်စားမှု အများအပြားရခဲ့တွေ့ရပါတယ်။ 

ဒီနေရာမှာ တစ်ချို့ လူမှုကွန်ယက်သုံးစွဲသူတွေက ငါးဟာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါရပြီး အကြေးခွံဟာ ကျွတ်ထနေတာလို့လည်း အများအပြားက မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဉီးခေါင်းမှာ သာမန်နဲ့မတူတဲ့ အကြေးခွံပုံဖြစ်နေတဲ့ငါးဟာ ဗီယက်နမ်လူမှုကွန်ယက်သုံးစွဲသူတစ်ဉီးက ဉီးခေါင်းမှာ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါရပြီး အကြေးခွံမှာ အများနဲ့မတူဖြစ်နေတယ်လို့ အများက ယူဆတဲ့ ငါးကို သာမန်မျှဝေထားခြင်းသာဖြစ်ပါတယ်။

Avatar

Title:နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါးတဲ့လား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *