Fact Check: မင်္ဂလာဒုံစစ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှု သေဆုံးမှုများပြားဆိုတဲ့  သတင်းတု

False နိုင်ငံရေး | Politics

မင်္ဂလာဒုံစစ်တပ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ မြန်မာစစ်အစိုးရဘက်က အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။

ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“မင်္ဂလာဒုံ စစ်ဆေးရုံ သွေးချောင်းစီး မင်္ဂလာဒုံ စစ်ဆေးရုံ တက်ခိုက်ခံရ ၊ အရာရှိတွေ အပါဝင် အများပြား သေဆုံး ၊ သွေးချောင်းစီးနေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ တော်လှန်ရေးတပ်ဖွဲ့တွေက မင်္ဂလာဒုံစစ်တပ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ 

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်တပ်ဆေးရုံတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဒီရက်ပိုင်းအတွင်း ‌ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုမှု တွေနဲ့  သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ဖြန့်ဝေတာတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဒီအပြင် ၉ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အာဆီယံကို NUG တိုက်တွန်း” ၊ “မန္တလေး လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲ”၊ “နေပြည်တော်မှာ လောင်းကစားရုံတွေကို အာဏာပိုင်တွေ ကိုယ်တိုင်ဖွင့်လှစ်ထား”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးခဲ့ တယ်လို့ တခြား သတင်းတု ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေခဲ့ပါသေးတယ်။

Fact Check: မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးတဲ့ သတင်းတု

သုံးသပ်ချက်

မင်္ဂလာဒုံစစ်ဆေးရုံ တိုက်ခိုက်ခံရတဲ့ သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက် တစုံတရာမရှိချိန်မှာ ဒီအကြောင်းအရာကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit” ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေနေတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ ဒီအကြောင်းတွေကြောင့် မင်္ဂလာဒုံစစ်တပ်ဆေးရုံး တိုက်ခိုက်ခံရမှု သတင်းကို သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

Result Stamp

Title: Fact Check: မင်္ဂလာဒုံစစ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှု သေဆုံးမှုများပြားဆိုတဲ့  သတင်းတု

Written By: နေရာမောင်

Result: False