အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

False နိုင်ငံရေး | Politics လူမှုရေး၊

သီလရှင်ဝတ်နေတဲ့ အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်တည်ထောင်လိုက်တဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ  ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ အခြားသော သတင်းကို ကူးယူဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုဒ်ဖြစ်တဲ့ ဒီဆိုဒ်မှာ ဖော်ပြခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီလို ဒီလို ပြန်မျှဝေထားပါတယ်။

Cele Cele All  အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် စတင်ဖော်ပြခဲ့တာတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အနုပညာရှင် တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့သတင်းဟာ မဟုတ်ကြောင်း ကျန်းကျန်းမာမာရှိနေကြောင်းကို ဆရာလေး ဒေါ်နန္ဒမာလာ(ခ)သရုပ်ဆောင် တင့်တင့်ထွန်း နဲ့ အဆက်အသွယ်ရှိတဲ့ မြရွှေပင်အနုပညာဆည်းဆာ ရိပ်မှ ဆရာတော် ဦးလှတောက Duwun ကိုပြောကြားထားတာတွေ့ရပါတယ်။

duwun.com.mm

Cele Cele All  အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ဇူလိုင် ၂၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာတွေ့ရပြီး လက်ရှိအချိန်မှာ လူမှုကွန်ယက်အသုံးပြုသူ ၁ သောင်းနီးပါးက follow လုပ်ထားတာတွေ့ရပါတယ်။ 

ဒီစာမျက်နှာဟာ စတင်ဖွင့်ပြီးပြီးချင်းမှာပဲ အဆိုတော်မီးမီးခဲ ြသစတေးလျမှာ ကွယ်လွန်ဆိုတဲ့ သတင်းကို တင်ခဲ့တာတွေ့ရပြီး ဒီသတင်းကို လူမှုကွန်ယက်အသုံးပြုသူ ၄ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သရုပ်ဆောင်တင့်တင့်ထွန်းကွယ်လွန်ဆိုတဲ့ သတင်းတုကို တင်ခဲ့ပါတယ်။ ဒီသတင်းကိုလည်း လူမှုကွန်ယက်အသုံးပြုသူ ၁ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် ဇူလိုင် ၂၈ ရက်နေ့မှာ သရုပ်ဆောင်နေတိုးကွယ်လွန်ဆိုပြီးတော့ ထပ်တင်ခဲ့တာတွေ့ရပါတယ်။

အနုပညာရှင် မီးမီးခဲက သူမရဲ့ ကိုယ်ပိုင်စာမျက်နှာကနေ “ပရိတ်သတ်ကြီးရှင့် ! ကျွန်မ မီးမီးခဲ လက်ရှိကျန်းမာရေး အခြေနေမှာ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။ လူအများကြီးက ဖုန်းခေါ်လာပြီးသတင်းမေးမှ Facebook မှာ သတင်းအမှားကြီးတက်နေတယ်ဆိုတာသိရလို့ပါ။ ကျွန်မရဲ့ ကျန်းမာရေးအတွက်ဆက်လက် ဆုတောင်းပေးကြပါနော်”ဆိုပြီး ဒီလိုသတင်းမှားဖြန့်တာကို ပြန်လည်ဖြေရှင်းခဲ့တာတွေ့ရပါတယ်။

https://web.facebook.com/meemeekhelmmk/posts/688711331857670

အထူးသဖြင့် ကွယ်လွန်ဆိုတဲ့သတင်းတုဖန်တီးတဲ့ အနုပညာရှင်တွေကို ကြည့်ရင် လက်ရှိအာဏာရပါတီကို ထောက်ခံတဲ့အနုပညာရှင်တွေကို တမင်ရည်ရွယ်တိုက်ခိုက်တာတွေ့ရပါတယ်။

ဉပမာအားဖြင့် အဆိုတော်မီမီးခဲ့ကွယ်လွန်တဲ့သတင်းတုကို တင်ရာမှာ “NLD ထောက်ခံသူ အဆိုတော် ထူးအယ်လင်း၏မယား ကြီး ကဗျာဘွဲ့မှုး၏ညီမ စောဘွဲ့မှုး၏ သမီး အဆိုတော် မီးမီးခဲသည် မြန်မာစံတော်ချိန် 6:04 မိနစ်၌ သြစတျေးလျနိုင်ငံတွင် ကင်ဆာရောဂါဖြင့် ခရစ်တော်၌အိပ်ပျော် သွားပီဖြစ်ကြောင်း သူမ၏ ပရိသတ်များအား အသိပေးအပ်ပါသည် ။။ ။။ #RIP”ဆိုပြီးတော့ ရေးသားခဲ့တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲရိုက်ထားတဲ့ ပုံကို အသုံးပြုခဲ့တာလည်း တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ Cele Cele All  အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ဇူလိုင် ၂၆ ရက်ကမှ စတင်ဖန်တီးခဲ့တဲ့ သတင်းတုသတင်းမှားများဖြန့်ချိဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့ထားတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:အနုပညာရှင်တွေကွယ်လွန်ဆိုပြီးတော့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ချိနေတဲ့ cele cele all ဖေ့စ်ဘွတ်စာမျက်နှာ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *