Fact Check: မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၁၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၇၉၀၀၀ ကျော်ရရှိထားတယ်။ 

“လေယာဉ် ၂စီး မြဝတီမှာ ပစ်ချခံရ

ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်တပ် ၃၀၀ ကျော် အရှင်ဖမ်းဆီး

ထိုင်းကိုထွက်ပြေးတဲ့ စစ်တပ် ၂၀၀ ကျော် ထိုင်းစစ်တပ်က အသေဖမ်းဆီး

KNLA နဲ့ အမေရိကန် တပ် ပူးပေါင်းဟု စစ်တပ်အော်နေ”

Original link | Archive link

အချက်အလက်စိစစ်ချက် 

မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတယ်ဆိုတဲ့  ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိသလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေကမျှ ပြောဆိုချက် မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit ”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာကြည့်ပါ။

၂၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတာကတော့ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာ  စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တေံ ထိခိုက်ကျဆုံးမှု များပြားနေတဲ့အကြောင်းနဲ့  တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီဘက်က သေဆုံး/ဒဏ်ရာရသူ ၁၀၀ ခန့်ရှိပြီး အလောင်းတွေကို ပုခက်၊ ထမ်းစင်တွေနဲ့ သယ်ထုတ်နေရတယ်ဆိုတဲ့ စစ်ရေးသတင်းအပေါ် အခြေခံပြီး ပြန်လည်သုံးသပ်ဖော်ပြနေတဲ့ အတွေးအမြင် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ဒီသုံးသပ်ချက် ဗွီဒီယိုတခုလုံးမှာလည်း သတင်းခေါင်းစဉ်မှာ ရေးသားထားသလို ဗိုလ်ချုပ်တဦးနဲ့ စစ်သား ၃၀၀ သေဆုံးတယ်၊ လေယာဉ် ၂ စီပစ်ချခံရတဲ့အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

“Mandalay Khit Thit ”ဟာ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတယ်။ မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတယ် တိုက်ပြီဆိုတာ အထောက်အထားမတွေ့ရတဲ့အတွက် သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

Result Stamp

Title: Fact Check: မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတဲ့ သတင်းတု

Written By: နေရာမောင်

Result: False