
လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံးအရေးအခင်းမှာ ပစ်မိန့်ပေးနေပုံ အဖြစ်ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။
“၈၈၈၈ အရေးခင်းတုန်းက လမ်းပေါ် ထွက်ပီးဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်မိန့်ပေးခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌကြီး ဦးသန်းဌေး ဒီလိုလူမျိုးကိုမဲပေးသင့်ပါသလား ပိတ်သတ်ကြီးတို့ရေ”ဆိုပြီးတော့ “တင့် မွှေး” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံဟာ lightrocket.com အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ပုံတစ်ခုဖြစ်တာတွေ့ရပြီး စာအညွှန်းမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူဟာ Dominic Faulder ဆိုတဲ့ ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ၁၉၈၉ ဇူလိုင် ၁ နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပြီး တပ်မတော်အရာရှိတစ်ယောက်နဲ့ ရဲတစ်ယောက်ဟာ နိုင်ငံခြားသား ဓာတ်ပုံ ဆရာကို မောင်းထုတ်နေပုံဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ ဓာတ်ပုံမှာ ထိုးထားတဲ့ စာသားအပြည့် အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးဟာ အဲဒီအချိန်က စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတာမှန်ပေမဲ့ ၁၉၈၆ ကနေ ၈၈ အထိက လူကြီးရဲ့ PSO အနေနဲ့ပဲ တာဝန်ထမ်းဆောင်ခဲ့ပြီး သီးခြားကိုင်တွယ်ရတဲ့ တပ်ဆိုတာမရှိခဲ့ဘူးလို့ ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက မြန်မာနောင်းကို ငြင်းဆိုထားတာလည်းတွေ့ရပါတယ်။

၈လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာပုံနဲ့ ဖြစ်စဉ်ဖြစ်ပေါ်တိုးတက်ခဲ့မှု အချိန်ဇယားပြဆောင်းပါးကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို ပစ်ခတ်နိမ်နှင်းဖြိုခွင်းခဲ့တဲ့ ကာလဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလထဲမှာဖြစ်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဉီးသန်းဌေး ၈လေးလုံး အရေးတော်ပုံမှာပစ်မိန့်ပေးနေပုံအဖြစ်မျှဝေနေတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါ တယ်။

Title:စစ်ယူနီဖောင်းနဲ့အရာရှိဟာ ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံး အရေးအခင်းမှာ ပစ်မိန့်ပေးနေပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False