NLD ပါတီဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းသေချာဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီဆိုပြီး အကြောင်းအရာဟာ သတင်းအမှား ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီ သမိုင်းမရိုင်းရအောင် ညင်သာစွာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတယ်စသည်ဖြင့်ရေးသားထားတဲ့ screenshot ပို့စ်ကို“San Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ဟစ်တိုင် ပေါင်းချုပ်”၊ “ဝေဖန်ကြရအောင် “စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

Fb linkArchive link

Soe Paing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူ screenshot တစ်ခုကို မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

အခုလို ပျံ့နှံ့နေတဲ့ ပို့စ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။

“အဲဒါသတင်းမှားပါခင်ဗျာ။ ဘယ်လိုလုပ်ပြီးတော့ NLD ပါတီကို ဖျက်သိမ်းလို့ရမှာ။ NLD ပါတီဟာ နှစ်ပေါင်း ၃၀ ကျော်ကြာနေပြီ တစ်လျှောက်လုံး အာဏာရှင်တောင်မှ ဆန့်ကျင်လာတာ။ ဘယ်လိုလုပ်ပြီးတော့ ဖျက်သိမ်းလို့ရမလဲ။ ဘာအကြောင်းပြပြီးတော့ ဖျက်သိမ်းလို့ရမလဲ”မုံရွာအောင်ရှင်ကပြောပါတယ်။

ပထမဆုံး ဖေ့စ်ဘွတ်နဲ့ Google မှာ အဓိကကျတဲ့ “NLD ပါတီ ဖျက်သိမ်း”စသည်ဖြင့် ရှာဖွေမယ်ဆိုရင်  ပြည်တွင်း က အဓိကမီဒီယာတစ်ခုခုမှာ သက်ဆိုင်ရာ သတင်းတစ်စုံတစ်ရာဖော်ပြထားခြင်းမရှိတာတွေ့ရဘဲ NLD ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စစ်ဆေးမှုလုပ်နေတယ်ဆိုတဲ့ သတင်းမျိုးမတွေ့ရှိရပါဘူး။

ဦးဌေးအောင်မှ NLD ပါတီအပေါ် ပြောကြားချက်မှန်-မမှန် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့် UEC ထံ တိုင်ကြား၊ တိုင်ကြားစာ လက်ခံရရှိကြောင်း အကြောင်းပြန်တယ်လို့ မိုက်ကယ်ကျော်မြင့်ပြောကြားချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီဆိုပြီး အကြောင်းအရာဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:NLD ပါတီဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းသေချာတယ်ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *