
နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ရဲ့နောက်ဆုံးစကားအများအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။
“နာမည်ကျော် ဒီဇိုင်နာတဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာပါပြီ … မကွယ် လွန်မီ နောက်ဆုံး ရေးသားခဲ့စာလေး ကြိုက်လွန်းလို့ ရှယ်ပါရစေ”စသည်ဖြင့်ရေးသားပြီး ဘယ်လောက်ချမ်း သာပါစေနောက်ဆုံးတော့လည်း ထားခဲ့ရတယ်၊ ရှာဖွေသမျှ အသုံးအပြုနိုင်တော့ဘူးလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေနဲ့အတူ မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။

ဒီသတင်းကို ဒီနေရာ၊ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez ဟာဘယ်သူပါလဲ။ သူ ဒီလိုပြောခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
“Kirjeda Rodriguez” ဆိုပြီးတော့ Google မှာ ရှာဖွေကြည့်ရာမှာ နာမည်ကြီး ဒီဇိုင်နာ “Kirjeda Rodriguez” ဆိုတဲ့ ရလာဒ်မျိုးမတွေ့ရဘဲ နာမည်ကြီး ဘလော့ဂါ “kyrzayda rodriguez” ဆိုတဲ့အမည်နဲ့ ရလာဒ်တွေပဲ ဖော်ပြနေတာ တွေ့ရပါတယ်။ တကယ်လို့ “Kirjeda Rodriguez”ဆိုတဲ့ရလာဒ်တစ်ထဲကို ကြည့်မယ်ဆိုရင် အခုလို မျှဝေနေတဲ့ ပို့စ်မျိုးနဲ့ ဓာတ်ပုံမျိုးတွေ မတွေ့ရှိရပါဘူး။

kyrzayda rodriguez ဟာ ဒိုမီနီကန်နိုင်ငံက နာမည်ကြီး ဘလော့ဂါတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် စင်တင်ဘာမှာ ၁၀ ရက်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူမကွယ်လွန်ခဲ့တဲ့သတင်းကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
သူမရဲ့နောက်ဆုံးစကားများအဖြစ်ဖော်ပြနေတဲ့စာသားတစ်ချို့ကို ဝက်ဘ်ဆိုဒ်တစ်ချို့မှာ ဖော်ပြထားတာတွေ့ ရပါတယ်။
သူမပြောနေတဲ့စကားတွေကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
kyrzayda rodriguez ရဲ့ မကွယ်လွန်မီအချိန်အထိ အသုံးပြုခဲ့တဲ့ အင်တာဂရမ်မှာ သူမရဲ့ ဓာတ်ပုံတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သို့သော်လည်း ဓာတ်ပုံတွေထဲမှာ နံဘေးမှာ ဆေးဘက်သုံးပစ္စည်းတစ်ချို့နဲ့ ဆေးကုသရေးကုတင်တစ်ခုပေါ်မှာ အင်္ကျီအဖြူနဲ့ အမျိုးသမီးပုံဟာ နာမည်ကြီး ဘလော့ဂါ kyrzayda rodriguez ရဲ့ ဓာတ်ပုံမဟုတ်တွေ့ ရပါတယ်။
kyrzayda rodriguez ဟာအစာအိမ်ကင်ဆာနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး ဆေးကုသရေးကုတင်ပေါ်က အင်္ကျီအဖြူနဲ့ အမျိုးသမီးဟာ Nicole Schweppe အမည်နဲ့အမျိုးသမီးဖြစ်ပြီး သူမဟာ ၂၀၁၇ ခုနှစ်မာ ရင်သားကင်ဆာနဲ့ ကုသမှုခံယူခဲ့သူဖြစ်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လေလာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ရဲ့နောက်ဆုံးစကား အများအဖြစ်ဖော်ပြနေတဲ့ ပို့စ်ဟာ ဒိုမီနီကန်နိုင်ငံက နာမည်ကြီး ဘလော့ဂါတစ်ဦးဖြစ်တဲ့ kyrzayda rodriguez စကားများဖြစ်ပြီး အင်္ကျီအဖြူရောင်နဲ့ ဓာတ်ပုံဟာ သူမမဟုတ်တာတွေ့ရပါတယ်။

Title:နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez နောက်ဆုံးစကားအဖြစ်မျှဝေနေတဲ့ ပို့စ်အကြောင်း
Fact Check By: Nayar MaungResult: Partly False