Fact Check: လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ရဲ့ သင်္ကေတအဖြစ် သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စာလာမ်ရဲ့ သင်္ကေတဖြစ်တယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ချောင်း ၃ ချောင်းထောင်နေပုံ၊ လက် ၃ ချောင်းထောင်နေတဲ့ ထိုင်းဆန္ဒပြလူအုပ်စု စတဲ့ဓာတ်ပုံတွေနဲ့အတူ ဒီလို လက်ချောင်း ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ အစ္စလာမ် ဘုရားရဲ့ သားတော်၊ သမီးတော်တွေဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။

သို့သော်လည်း လက်ချောင်း ၃ ချောင်းထောင်တဲ့အဓိပ္ပာယ်ဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ သင်္ကေတတစ်ခု မဟုတ်ဘဲ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လေးစားမှု၊ နှုတ်ဆက်ခြင်းစတဲ့ အဓိပ္ပာယ်တွေရှိတဲ့ သင်္ကေတတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်ချက်တွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ထိုင်းနိုင်ငံက ယခုရက်ပိုင်းအတွင်း ဆန္ဒပြမှုသတင်းနဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ဖတ်ရှူနိုင်ပါတယ်။ ဒီသတင်းတွေထဲမှာ ဆန္ဒပြသူတွေဟာ လက်သုံးချောင်းထောင်ကြတဲ့အကြောင်းပါဝင်ပါတယ်။ 

ထိုင်းဆန္ဒပြသူတွေရဲ့ လက်ချောင်း ၃ ချောင်းထောင်ကြခြင်းအဓိပ္ပာယ်ကို ရှာကြည့်ရာမှာ CNA သတင်းဌာနက ထိုင်းနိုင်ငံက ဆန္ဒပြသူတွေက လက်သုံးကြောင်းထောင်ကြခြင်းရဲ့ အဓိပ္ပာယ်အကြောင်းရေးသားထားတဲ့ သတင်းဆောင်းပါးတစ်ခုတွေ့ရပါတယ်။ 

“ဒီပုံစံ(လက်ချောင်း ၃ ချောင်းထောင်တဲ့ပုံစံ)ဟာ ဒီမိုကရေစီပိုမိုရရှိရေးနဲ့ မညီမျှမှုကြီးထွားလာတဲ့ခံစားချက်တွေနဲ့ သစ္စာခံ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းလာမှု မကြေနပ်မှုကြောင်းပြတဲ့ သင်္ကေတဖြစ်တယ်။ ဒီအလေးပြုပုံစံဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုကိုပြသတဲ့ သင်္ကေတအနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတယ်”လို့ ရေးသားထားပါတယ်။ 

မူရင်းလင့်ခ် – CNAArchive link 

အလားတူ ၂၀၁၄ ခုနှစ်က အတ္တလန်တစ်သတင်းဌာနကရေးသားတဲ့ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။ ဒီသင်္ကေတဟာလည်း ၂၀၁၂ ခုနှစ်အမေရိကန်နာမည်ကြီးရုပ်ရှင် “The Hunger Games” ဇာတ်ကားထဲ သင်္ကေတကို ယူသုံးထား ခြင်းဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ လက်ချောင်း ၃ ချောင်းထောင်တာဟာ နှုတ်ဆက်ခြင်း သို့မဟုတ် လေးစားမှုကိုဖော်ပြတဲ့ အဓိပ္ပာယ်လည်းရှိပါတယ်။

ထို့အပြင် လက်ညိုး၊လက်ခလယ်နဲ့ လက်သန်းကြွယ်ထောင်တဲ့ သင်္ကေတဟာ အစ္စလမ်ဘာသာရဲ့ သင်္ကေတဖြစ် တယ်လို့ မတွေ့ရှိရပါဘူး။ 

အလားတူ Google မှာ ပုံရှာနည်းနဲ့ အဓိကစကားလုံးတွေ အသုံးပြုရှာဖွေ ကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည် လက်ချောင်း ၃ ချောင်းထောင်ပုံဟာ ကင်းထောက်အဖွဲ့ အကြီးအကဲအဖြစ် ကတိခံယူပွဲတုန်းကပုံဖြစ်တာ တွေ့ရပါတယ်။ 

မူရင်းလင့်ခ် – Myanmar TimesArchive link 

၂၀၁၉ ခုနှစ် ဇူလိုင် ၂၀ ရက်က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့အကြီးအကဲအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကတိခံယူခဲ့တဲ့အကြောင်းဖော်ပြထားတဲ့သတင်းတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့  ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ဘာသာရေးနဲ့သက်ဆိုင်တဲ့ သင်္ကေတအဖြစ် အထောက်အထားမရှိပါဘူး။

Avatar

Title:လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ရဲ့ သင်္ကေတအဖြစ် သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *