Fact Check: မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

False နိုင်ငံရေး | Politics

ရွေးကောက်ပွဲအတွက် စိုက်ထူတဲ့ NLD ဆိုင်းဘုတ်တစ်ခုရဲ့ စာသားတွင် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြောင်းလဲရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ သတင်းမှားဖြန့်ဝေလျှက်ရှိတာကို တွေ့ရပါတယ်။

 ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ် ဓာတ်ပုံထဲက စာသားမှာ “လူကို ခွေးလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံနဲ့အတူ “ကျွန်သဘောက်မကြီး   SHOWလိုက်ပါအုံး အမေ့သားတွေနော် ဘာမှတ်လည်း #ဖျားသွားမယ် #လူညံ့တွေတင်မြှောက်လိုက်တဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်မဖြစ်ပဲ #လူညံ့ဦးဆောင်သူအဖြစ်သာတွေ့ရမှာ  *ဆိုင်းဘုတ်သက်သေ* !:.” $%& /? *ဆောင်*တော့တူပါရဲ့ *ခေါင်းနဲ့ ဦး*ကွာသွားတာ”လို့ “Aung Htun Linn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းနဲ့ အဓိကကျတဲ့ စကားလုံးတွေအသုံးပြုရှာဖွေကြည့်ရာမှာ ဒီပို့စ်ပါဓာတ်ပုံဟာ မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး ဖေ့စ်ဘွတ်စာမျက်နှာ စက်တင်ဘာ ၈ ရက်နေ့က “ကျောက်ဆောက် ကျေးရွာအုပ်စု၊ စဘေကျေးရွာ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲအခမ်းအနား”ဆိုပြီးတော့ ဖော်ပြထားတာတွေ့ ရှိရပါတယ်။

မူရင်းလင့်ခ် –  Fb linkArchive link 

“Aung Htun Linn” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကအသုံးပြုထားတဲ့ပုံထက်စောပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ပုံတွေမှာ “လူကို လူလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။

“Aung Htun Linn” မျှဝေထားတဲ့ ပုံနဲ့ “တွံတေးသိန်းတန် ဟင်္သာတထွန်းရင် မင်းအောင် အနိုင် သီချင်းကောင်းလေးများ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားတဲ့ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

ဒီဓာတ်ပုံကို အခုလို စာသားနှစ်မျိုးနဲ့တွေ့ရှိနေရတဲ့အပေါ်မှာ ဓာတ်ပုံကို ပြုပြင်ထားခြင်းရှိမရှိ fotoforensics ဆော့ဖ်ဝဲလ်မှာပါတဲ့ Erro Level Analysis(ELA) အသုံးပြုစစ်ဆေးကြည့်ခဲ့ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “Aung Htun Linn”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတာတွေ့ရပါတယ်။

Avatar

Title:မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *