Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားကသရော်ထားတယ်ဆိုတဲ့ တစ်ကွက်ကာတွန်းအမှား

Altered နိုင်ငံရေး | Politics

နိုင်ငံခြားကာတွန်းပညာရှင်တစ်ဦးက တစ်ကွက်ကာတွန်းလက်ရာတစ်ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီကို ရည်ရွယ်ရေးသားထားပြီး သရော်ထားတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေရပါတယ်။

ဒီပို့စ်မှာ “နိုင်ငံတကာမှာတောင် အရှက်ကွဲနေပြီ”ဆိုပြီး ခေါင်းစဉ်တပ်ထားပြီး “နိုင်ငံခြားသတင်းဂျာနယ်က ကာတွန်းပါရောဂါဖြစ်လိုခွဲစိတ်ခန်းဝင်တာတောင် ထိုင်ခုံတပ်ပါလာလို့သံသရွင်းနဲ့ ခွာနေပုံပါ ဘယ်လောက်ထိ ထိုင်ခုံမတ်လဲဆိုတာသူများတိုင်းပြည်ကတောင် သိနေကြပြီလေ သိပ်ရှက်စရာကောင်းတဲ့ NLDရဲ့ဖြစ်ရပ်” (မူရင်းရေးသားထားသည့်အတိုင်း)လို့ ကာတွန်းကို အညွှန်းတပ်ထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် –  FB Link |  Archive Link

အချက်အလက်စိစစ်ချက်

ဒီကာတွန်းလက်ရာကို သေချာကြည့်မယ်ဆိုရင် Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ဘာကြောင့်သတိပြုမိစေသလဲဆိုတာကို ကြည့်ရအောင်..။ ဒေါ်အောင်ဆန်းစုကြည်လို့သတ်မှတ်လို့ရတဲ့ ခွဲစိတ်ကုတင်ပေါ်မှာ မှောက်နေတဲ့ ကာတွန်းရဲ့ အဓိကဇာတ်ကောင်ရဲ့ မျက်နှာနေရာမှာ ကယ်ရီကေးချားပညာ(အရပ်အခေါ်- ရုပ်ပြောင်)နဲ့ ဆွဲထားတာကို တွေ့ရမှာပါ။ ဒီလိုဆွဲထားတဲ့ မျက်နှာအပါဝင် ခေါင်းနေရာသည် နောက်မှာရှိနေတဲ့ ခွဲစိတ်ခန်းဝတ်စုံအပါဝင် ကုတင်နဲ့ တသားတည်းကျမနေဘဲ လေးထောင့်ဘောင်တစ်ခုကွက်နေတာကို တွေ့ရမှာပါ။ အဆိုပါ ခေါင်းနေရာကို Photoshopနဲ့ ပြုပြင်ထားတယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။

ဒီကာတွန်းဟာ ပြုပြင်ထားတဲ့ လက်ရာလား၊ ကာတွန်းဆရာရဲ့ မူရင်းလက်ရာလားဆိုတာသိရအောင် Googleမှာ ပုံရှာနည်းနဲ့ရှာမယ်ဆိုရင် တွစ်တာအကောက်တွေကနေ ၂၀၁၉ နိုဝင်ဘာလ ၂၅ရက်နေ့ကတည်းက ပျံ့နှံ့နေတာတွေ့ရပြီး မူရင်းကာတွန်းလက်ရာမဟုတ်တာကို အောက်ပါအတိုင်း တွေ့ရပါတယ်။

ဒီတွစ်တာအကောက်တွေကို ဝင်ကြည့်မယ်ဆိုရင်တော့ မူရင်းကာကွန်းလက်ရာဟာ နိုင်ငံရေးသမားတွေကို သရော်ထားတာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်(ကယ်ရီကေးချား)ပုံမဟုတ်တာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်ရှူနိုင်ပါတယ်။

Archive link

ဒါ့အပြင် ဒီကာတွန်းကို ပါရှန်ဘာသာစကားနဲ့ ရေးသားထားတဲ့ khorasannews.comဆိုတဲ့ ဝဘ်ဆိုဒ်မှာတော့ ၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ ၉ရက်နေ့က “Crtoon of the Day”ခေါင်းစဉ်နဲ့ ကာတွန်းအညွှန်းကိုတော့“As popular protests continue, the Lebanese government has begun to fight corruption, especially among current and former Lebanese politicians.”ဆိုပြီး လတ်ဘနွန်အစိုးရနဲ့ လတ်ဘနွန်နိုင်ငံရေးသမားတွေကို သရော်ထားတဲ့ ကာတွန်းဖြစ်တာကိုတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် –  Web Link  |  Archive link

ပြီးခဲ့တဲ့ နှစ်အတွင်း အွန်လိုင်းမှာ ပျံ့နှံခဲ့တဲ့ ပုံ(ဘယ်)နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သရော်ထားတယ်ဆိုတဲ့ ပုံ(ညာ) ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားကရည်ရွယ်ရေးသားတယ်ဆိုတဲ့ တစ်ကွက်ကာတွန်းဟာ photoshopနဲ့ ပြုပြင်ထားတာတွေ့ရတာကြောင့် မှားယွင်းတဲ့ ဖော်ပြချက်သာဖြစ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားကသရော်ထားတယ်ဆိုတဲ့ တစ်ကွက်ကာတွန်းအမှား

Fact Check By: Lynn Yu 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *