Fact Check: မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူတွေကြား ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။  

ဒေါက်တာမျိုးညွှန့်ရဲ့အင်တာဗျူးနေသည့် ဓာတ်ပုံနှင့် တကွဖော်ပြထားတဲ့ ဒီပို့စ်မှာ ဒေါက်တာမျိုးညွှန့်က မဲစာရင်း အမှားတွေထုတ်ပြန်နေလဲအပိုပဲ၊ သူတို့လုပ်ထားတာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့သာသက်ဆိုင် ပြောကြားထားပါတယ်။ 

သို့သော်လည်း သတင်းစာမှာရေသားဖော်ပြဟန်နဲ့ ပြောဆိုရေးသားချက်တွေဟာ အတုအပဖန်တီးခြင်းဖြစ်တာ Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီလိုမျှဝေထားတဲ့ သတင်းစာအပိုင်းအစဟာ ဘယ်သတင်းဌာနဆိုတာဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ဒေါက်တာမျိုးညွှန့်နဲ့ အင်တာဗျူးနေဟန်နဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ခေတ်သစ်သတင်းဌာနက ဒေါက်တာမျိုးညွှန့်နဲ့တွေ့ဆုံမေးမြန်းမှုမှာ အသုံးပြုထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  နိုဝင်ဘာ ၂၃ ရက်က “NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်နှင့်တွေ့ဆုံခြင်း အပိုင်း ၁”လို့ခေါင်းစဉ်တပ်ပြီး “NLD ပါတီသည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာအနက် ၇ နေရာသာ အနိုင်ရရှိခဲ့ပြီး ၆ နေရာ ရှုံးနိမ့်ခဲ့သည်။ ထိုသို့ ရှုံးနိမ့်မှုနှင့်အတူ ပါတီအတွင်းပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည်ဟု ဆိုထားရာ NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဒေါက်တာမျိုးညွှန့်ကို ရန်ကုန်ခေတ် သစ်က တွေ့ဆုံမေးမြန်းထားပါသည်။”လို့ ရေးသားထားတဲ့ ခေတ်သစ်သတင်းဌာနက အင်တာဗျူးမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – KhitthitArchive link

ဒေါက်တာမျိုးညွှန့်နဲ့အင်တာဗျူးကို ခေတ်သစ်သတင်းဌာက ယူကျူ့ချန်နယ်မှာလည်းဖော်ပြထား တာကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒီအင်တာဗျူးမှာ မဲစာရင်းအမှားများနဲ့ ပတ်သက်ပြီးပြောကြား ခဲ့ခြင်းမရှိပါဘူး။ ခေတ်သစ်သတင်းဌာနဟာ  အွန်လိုင်းကနေ သတင်းတက်ဆက်တဲ့ သတင်းဌာနတစ်ခုဖြစ်ပြီး ပုံနှိပ်ထုတ်ဝေခြင်းလည်းမရှိပါဘူး။ 

ထို့အပြင် အခြားအချက်အလက်စိစစ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ realornot ကလည်း အခုလို ဒေါက်တာ မျိုးညွှန့်ကပြောတယ်ဆိုတာ သတင်းတုဟာ ဇန်နဝါရီ ၂၀ ရက်နေ့ထုတ်  7 Day သတင်းစာ မျက်နှာဖုံးကို တုပပြီးပြုလုပ်ထားခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အခြားသောအဖွဲ့အစည်းတစ်ခုမှာလည်း ဒေါက်တာ မျိုးညွှန့်က ငြင်းဆိုထားပါတယ်။

NLD ပါတီတာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး အခုလို သတင်းစာတစ်ခုမှာဖော်ပြဟန်နဲ့ ပြီးခဲ့တဲ့ ရက်အနည်း ငယ်အတွင်းမှာ သတင်းတုတွေ ဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မဲစာရင်းအမှားများသည် ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောကြားဆိုပြီး ရေးသားမျှဝေနေတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *