
ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ Forward Media Group ဆိုတဲ့စာမျက်နှာက မျှဝေလာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို အကြောင်းပြချက်တစ်စုံတစ်ရာ မထောက်ပြပဲတာဝန်များမှ ရပ်စဲစေလိုက်တဲ့ လုပ်ရပ်ဟာ ပါတီတွင်းမှာ အာဏာရှင်ဆန်ဆန် ဖြုတ်ထုတ်သတ် လုပ်နေတဲ့ လုပ်ရပ်ဖြစ်ပြီး ပါတီအပေါ်အထင်အမြင်လွဲမှား တာတွေဖြစ်လာနိုင်တယ်လို့ ပါတီဗဟိုသတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ထုတ်ဖော်ပြောဆိုတယ်ဆိုပြီး မုံရွာအောင်ရှင်ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။

အချက်အလက်စိစစ်ချက်
၁။ ဒေါက်တာမျိုးညွှန်က ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ မုံရွာအောင်ရှင်ကလည်း ဒီလို ဘယ်မီဒီယာမှ မပြောကြောင်း ပြောပါတယ်။
၂။ Google မှာ “မုံရွာအောင်ရှင်”ဆိုတဲ့စကားလုံးကို သုံးပြီး ရှာကြည့်ရင် မတ်လထဲမှာ မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ မှတ်ချက်မျိုး မတွေ့ရှိပါဘူး။

၃။ Forward Media Group ကို ပုံဖျက်ထားတဲ့ သတင်းအမှားတွေဖြန့်တဲ့ စာမျက်နှာအဖြစ် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သတ်မှတ်ထားပါတယ်။

သုံးသပ်ချက်
အာဏာရှင်ဆန်ဆန် ဖြုတ်ထုတ်သတ် လုပ်နေပြီး ပါတီအပေါ်အထင်အမြင်လွဲမှား တာတွေဖြစ်လာနိုင်တယ်လို့ မုံရွာအောင်ရှင်ပြောကြားချက်ဟာ သတင်းမှားသာဖြစ်ပါတယ်။

Title:ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းမှား
Fact Check By: နေရာမောင်Result: False