
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အထူးလေ့ကျင့်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ (PDF)ဝင်တွေလို့ ရေးသားလျက် စစ်ရေးလေ့ကျင့်နေတဲ့ စစ်သားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံပြုသူ အများ အပြား ပြန်လည် မျှဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံက စစ်ရေးလေ့ကျင်မှု ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။
“NUG မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တော်ဝင်တပ်ဖွဲ့များ။”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ ဓာတ်ပုံမှာ Hugot Sundalo ဆိုတဲ့ အမှတ်တံဆိပ်ပါဝင်တာ တွေ့ရပါတယ်။ ဓာတ်ပုံတွေ ကို Google မှာ ပုံရှာနည်းနဲ့ အဓိကျတဲ့စကားလုံးအသုံးပြုရှာဖွေနည်းတွေနဲ့ ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ “Hugot Sundalo”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ၂၀၂၀ ခုနှစ်အတွင်းက ပြန်လည်မျှဝေထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
ပုခုံးထမ်းလောင်ချာပစ်ခတ်နေတဲ့စစ်သားတစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ တောတွင်းတစ်နေရာမှာ ရိုက်ကူးထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံကိုလည်း ဒီ Hugot Sundalo အမည်နဲ့ စာမျက်နှာကပဲ ၂၀၂၀ ခုနှစ် ြသဂုတ် ၁ ရက်ကပြန်လည်မျှဝေထားတာတွေ့ရပြီး မူရင်းပို့စ်တင်သူ “Parin Sinungaling”က အောက်ပါအတိုင်း ရေးသားထားပါတယ်။
“အေးချမ်းစွာအနားယူပါတော့ gaw 😭 မင်းတော်တော်ငယ်သေးတယ် 😭😐😌😭 marven villatura”

မူရင်းလင်ခ့် – Parin Sinungaling | Archive link
ထို့အပြင် ရေထဲမှာ စစ်ဝတ်စုံဝတ်စစ်သားတွေပုံကို ၂၀၂၀ ခုနှစ် ဇူလိုင် ၁၃ ရက်က “Dau Military & Police Supplies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ တင်ထားတာတွေ့ရပါတယ်။ ပို့စ်မှာ အောက်ပါတိုင်းရေးသားထားပါတယ်။
“အမေရိကန် ရေတပ် SEALS ပုံစံဖြစ်တဲ့ ဖိလစ်ပိုင်ရေတပ်က Naval Special Operations Group (NAVSOG) ကိုများသောအားဖြင့် “frogmen” (သို့) frog warrior ဟု ညွှန်းဆိုကြပါတယ်။ သမုဒ္ဒရာပေါ် သို့မဟုတ် ရေအောက်မှာ စစ်တိုက်ခြင်းသည်သူတို့ ကျွမ်းကျင်တဲ့အရာဖြစ်ပါတယ်။ NAVSOG လေ့ကျင့်မှုကိုကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုအဖြစ်အသိအမှတ်ပြုထားပါတယ်။ NAVSOG လေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နေ့စဉ် မနီလာပင်လယ်အော်မှ Caviteမ မှာရှိတဲ့ Sangley Point အထိ ၃၀ ကီလိုမီတာ ရေကူးလေ့ကျင့်ရပါတယ်။ NAVSOG ရဲ့ အကျော်ကြားဆုံးအောင်မြင်မှုများအနက်တစ်ခုမှာလူ ၁၃ ဦးပါ NAVSOG အဖွဲ့ဟာ ၁၉၇၃ မှာ Basilan ရှိသူပုန်များအခြေစိုက်စခန်းကြီးအတွင်းသို့ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။”
မူရင်းလင်ခ့် – Dau Military & Police Supplies | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ NUF မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိသလို ၂၀၂၀ ခုနှစ်အတွင်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဟောင်းတွေ့ရပါတယ်။

Title:ဖိလစ်ပိုင်နိုင်ငံကပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံများကို NUG က PDF တွေကို သင်တန်း ပေးပုံအဖြစ်မျှဝေ
Fact Check By: Nayar MaungResult: False