
ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။
“ဟာသမင်းသားကြီး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။
မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ PBJ Management က Fact Crescendo Srilanka ကိုအတည်ပြုထားပါတယ်။
ရုပ်သံဇာတ်လမ်းဆောင်းပါးတွေဖော်ပြနေတဲ့ Movie Scenes မှာ Peaky Blinders ဇာတ်လမ်းတွဲ ၆ မှာ မစ္စတာဘင်းလို့လူသိများတဲ့ သရုပ်ဆောင် Rowan Atkinson တက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Movie Scenes | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဟာသသရုပ်ဆောင်မစ္စတာဘင်းကွယ်လွန်တဲ့သတင်းဟာ ကောလာဟလဖြစ်ပါ တယ်။