
မဲဆောက်မှာ PDF နဲ့ CDM ဝန်ထမ်းအချို့က ထောက်ပံ့မှုမလုံလောက်တာနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်တာကြောင့် နောင်မဖြစ်အောင်ထိန်းသိမ်းဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ((NUG)ရဲ့ ညွှန်ကြားချက်ဆိုပြီးတော့ ဓာတ်ပုံပို့စ် တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့စာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ NUG အစိုးရခေါင်း ဆောင်ပိုင်းတွေ တည်းခိုနေထိုင်တဲ့နေရာကို CDM ဝန်ထမ်းတွေနဲ့ PDF အချို့ရောက်လာပြီး အချင်းချင်းရန်ဖြစ် အော်ဟစ်ခဲ့တာကြောင့် နောက်ဒီလိုပြဿနာမျိုးမဖြစ်ဖို့ တာဝန်ရှိတဲ့သူတွေအနေနဲ့ တားဆီဖို့ဆိုပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။
သို့သော်လည်း ဒီညွှန်ကြားချက်စာဟာ အတုပြုလုပ်ဖန်တီးထားခြင်းဖြစ်တယ်လို့ NUG အစိုးရက ပြန်လည် ရှင်းလင်းထားပါတယ်။
“စိတ်ရှည်ရှည်ထားကြပါခင်ဗျာ…
လာမှာပေါ့ 😁
#KT”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါတိုင်းမျှဝေထား တာတွေ့ရပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ဒီစာဟာအတုဖြစ်တယ်လို့ ဇန်နဝါရီ ၂ ရက်ကပဲ ထုတ်ပြန်ရှင်းလင်းထားပါတယ်။
“လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အောက်ဖော်ပြပါစာသည် အတုဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ”လို့ရေးသားပြီး ယခုပျံ့နှံ့လျက်ရှိတဲ့စာကို အတုဖြစ်ကြောင်းရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Ministry of Defence – National Unity Government of Myanmar | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NUG နဲ့ PDF၊CDM ဝန်ထမ်းအချို့အထောက်အပံ့နဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်တဲ့အတွက် စာထုတ်တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: မဲဆောက်မှာ PDF၊CDM ဝန်ထမ်းအချို့နဲ့ NUG တို့ခိုက်ရန်ဖြစ်တယ်လို့ သတင်းတုဖြန့်
Fact Check By: Nayar MaungResult: False