ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု

False တိုင်းရင်းသားရေးရာ နိုင်ငံရေး၊

ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။

Khin Zin Htay အမည်နဲ့အကောင့် myanmarpress.com ကပို့စ်တစ်ခုကိုမျှဝေလာတာလည်းတွေ့ရပါတယ်။ 

FB linkArchive link

အချက်အလက်စိစစ်ချက်

၁။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦး ညီရမ်းက ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကို အတည်ပြုပါတယ်။ 

“ကျွန်တော်တို့အတွက် နိုင်ငံရေးအရလည်း မကောင်းပါဘူး။ ဘယ်လိုကိုးကားရေးထားသလဲပေါ်မူတည်တာပေါ့။ အခြေအမြစ်မရှိပါဘူး”လို့ ဦး ညီရမ်းက ပြောပါတယ်။

၂။ တရားဝင်သတင်းဌာနတွေက ဒီလိုဖော်ပြထားတာမတွေ့ရပါဘူး။

၃။ myanmarpress.com ကရေးသားတင်ဆက်ထားပုံကြည့်ရင်လည်း ဘယ်သူဘယ်ဝါက ပြောတယ်၊ ဘယ်အချိန်မှာပြောတယ်၊ ဘယ်သူ့ကိုပြောတယ်ဆိုတာကို ကိုးကားရေးသားထားခြင်းမရှိပါဘူး။ သတင်းရေးသားရာမှာ “ဘ” ၆လုံးဆိုတဲ့ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘာအတွက်၊ ဘာကြောင့်၊ ဘယ်လို၊ ဘယ်နေရာဆိုတဲ့ အနည်းဆုံးဖော်ပြချက်ပါမှသာ သတင်းအင်္ဂါရပ်နဲ့ကိုက်ညီတဲ့ သတင်းလို့ မှတ်ယူနိုင်ပါတယ်။

သုံးသပ်ချက်

အထက်က အချက်အလက်တွေအရ ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့သတင်းဟာ သတင်းတုသာဖြစ်ပါတယ်။

Avatar

Title:ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *