ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Bo Aung Din အမည်နဲ့အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”ဆိုပြီး ရေးသားမျှဝေထားပါတယ်။ Nay Min Khant အမည်နဲ့အကောင့်ကလည်း “သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။

Fb linkFb linkFb link
Archive linkArchive linkArchive link

လင့်ခ်ကိုထောက်ပြီးတော့ဖတ်မယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာလင့်ခ်တွေ၊ ကံစမ်းမဲပေါက်ပြီးစတဲ့လင့်ခ်တွေဆီကို မျှားခေါ်နေသလိုခံစားရတဲ့ကြော်ညာတွေအလိုအလျှောက်ဝင်လာတဲ့ myanmartips ဆိုတဲ့ဝက်ဆိုဒ်ဆီကို ရောက်ရှိသွားပြီး အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။

“BPI (အင်းစိန်)၊ ဒီဆေးစက်ရုံက စက်မှု(၁)အောက်မှာရှိတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံပါ။ ဆေး quality နဲ့အာနိသင် က အခုနိုင်ငံခြားကဝင်နေတဲ့ဆေးတေအားလုံးထက်သာပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဆေးစက်ရုံတစ်ခုရှ်တာ တကယ်ကိုတန်ဖိုးရှိပါတယ်။ အခုပြောချင်တာက BPI ကနေ ငှက်ဖျားရောဂါအတွက်ထုတ်လုပ်ထားတဲ့ Chlorofos ဆိုတဲ့ဆေးက COVID 19 treatment အတွက် WHO ကနေစကာတင်ရွေးနေတဲ့အထဲပါတဲ့ဆေးပါ။ COVID 19 ကိုပျောက်ကင်းတယ်လို့လည်းကြားပါတယ်။

(အတည်မပြုရသေးပါ)။ အကယ်၍ ဒီဆေးကိုသာWHO က Recommend ပေးလိုက်ရင် မြန်မာနိုင်ငံကပြည်သူတွေ မျှော်လင့်ချင်တေအင်အားတေအများကြီးရှိလာမှာပါ။ တချို့ဆိုင်တေရဲ့အကျင့်ကတော့ သူတို့ဆီမှာရှိတဲ့ လက်ကျန်ကိုဈေးတင်ရောင်းပါလိမ့်မယ်။”

LinkArchive link

ရောဂါကာကွယ်ဆေးတွေပြီဆိုတာ ဖြစ်နိုင်ပါသလား။ ဝန်ကြီးက ပြောတယ်ဆိုတာရောဟုတ်ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

Google မှာ အဓိက စကားလုံးတွေဖြစ်တဲ့ “ရောဂါကာကွယ်ဆေးတွေ့ပြီ”လို့ရိုက်ရှာမယ်ဆိုရင် အောက်ပါ အတိုင်း တွေ့ရပါတယ်။ ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တစ်ခုတစ်လေ ရောဂါကာကွယ်ဆေးတွေ့ကြောင်း ရေးသားထားတဲ့ အချက်အလက်မတွေ့ရပါဘူး။ ဒီလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပတ်သက်တဲ့ သတင်းလည်းမတွေ့ရပါဘူး။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဖေ့စ်ဘွတ်အကောင်မှာလည်း မတ်လ ၃၁ ရက်အနေ့အထိ ပို့စ်တင်ထားတာတွေ့ရပြီး ရောဂါကာကွယ်ဆေးတွေ့ပြီဆိုတဲ့ သတင်းစကားတစ်စုံတစ်ရာ ရေးသားထားခြင်းမရှိပါဘူး။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

Dr Myint Htwe

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဆိုဒ်မှာလည်း ပြည်ထောင်စုဝန်ကြီးက ရောဂါကာကွယ်ဆေးတွေ့ပြီလို့ ပြောကြားဆိုတဲ့ ရေးသား ထုတ်ပြန် ချက်မျိုးမတွေ့ရပါဘူး။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

MOHS FbMOHS Website

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထာပါတယ်။

WHO

သုံးသပ်ချက်

ခေါင်းစဉ်မှာ ““ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ”လို့ ရေးသားထားပေမဲ့ ဘယ်အချိန်ကပြောတယ်၊ ဘယ်နေရာမှာပြောတယ်၊ ဘယ်သူတွေကိုပြောတယ်၊ ဘာကြောင့်ပြောတယ်စတဲ့ သတင်းတစ်ခုရဲ့ အင်္ဂါရပ်နဲ့အညီရေးသားထားခြင်းမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လို အဖွဲ့အစည်းမျိုးက လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေး ကုသဆေးမရှိသေးဘူးလို့ ပြောကြားထားတဲ့အတွက် ဒီသတင်းဟာ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။ မိမိတို့ဖတ်ရှုနေတဲ့ သတင်းတွေ အချက်အလက်မှန်မမှန်သိရှိလိုပါ ဖုန်း ၀၉ ၄၀၇၀၉၉၀၇၇ ကို Whatsapp ကတစ်ဆင့် သိရှိလိုတဲ့ သတင်းလင့်ခ် သို့မဟုတ် မိမိထံရောက်လာတဲ့ အသံဖိုင်ကို ပေးပို့ထားနိုင်ပါတယ်။

Avatar

Title:ရောဂါကာကွယ်ဆေးကို ရှာတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *