Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

Misleading လူမှုရေး

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။

အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) ကနန်ရဲ့ အလယ်တန်းပြကျောင်းဆရာမဘဝကနေ CDM ပြုလုပ်ကာ NUG လက်အောက်ခံ FEST (Fedral Education School Tamu Township) မှာ စာသင်ပေးနေရင်းက PDF တွေရဲ့ အဓမ္မပြုကျင့်ခြင်းကို ခံလိုက်ရတာကြောင့် စာတစ်စောင်ရေးထားခဲ့ပြီး ယခုလို အဆုံးစီရင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

သူမအနေနဲ့ အဲဒီကိစ္စကို လူသိမခံဘဲ ၎င်းအမျိုးသားကိုလည်း တရားဝင် ကွာရှင်းလက်မှတ် ရေးထိုးပေးခဲ့ပြီးမှ ယခုလို အဆုံးစီရင်သွားတာဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။ ”

ဒီစာသားတွေနဲ့အတူ ကွယ်လွန်သူဆရာမက စာရေးသားပြီးချန်ထားခဲ့တယ်ဆိုတဲ့ လက်ရေးမူတစ်ခုကို ဓာတ်ပုံရိုက်ပြီးလည်းဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

တမူးမြို့နယ် ဖက်ဒရယ်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော CDM ဆရာမ ဒေါ်စမ်းမို့မို့မှာ ယမန်နေ့ ညနေ ၄နာရီတွင် မိမိကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပြီး မီဒီယာတွေမှာ ဒီသတင်းကိုဖော်ပြပြီးနောက်မှာ အခုလို ဘယ်ကမှန်းအတည်မပြုနိုင်တဲ့ လက်ရေးမူတစ်ခုကိုအသုံးပြုပြီး ကွယ်လွန်သွားတဲ့ CDM လုပ်ထားတဲ့ ဒေါ်စမ်းမိုမို့နဲ့ PDF ကိုတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Than Lwin Khet NewsArchive link  

ဆရာမဟာအနေအေးသလို ဘာပြတ်ဿနာမှမရှိကြောင်းနဲ့ သူမသေခင်မှာ သူ့အမျိုးသားနဲ့ကွာရှင်းကြောင်း လက်မှတ်ရေးထိုးခဲ့သေးတယ်လို့လည်း Federal Education School Tamu တာဝန်ရှိသူတဦးကကလည်း မြေလတ်အသံသတင်းဌာနကို ပြောထားတာတွေ့ရပါတယ်။

https://www.facebook.com/myaelattathan/posts/pfbid0W9U6uQK6oEhkj61mbjNVRgJnNRHTw4WmovxWyvNEwXnboryosz8rVVU1V2cQDJC5l

အသက် ၃၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ဟာ တမူးမြို့၊ ဈေးတန်း ၁၀ ရပ်ကွက်က သူ့နေအိမ်မှာ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ပို့ဆောင်စဉ်ကွယ်လွန်ခဲ့တာကြောင်းနဲ့ Federal Education School Tamu မှ ဝမ်းနည်းကြောင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

တမူးမြို့မှာ NUG လက်အောက်က စာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ယောက် သေဆုံးမှုကို အသုံးပြုပြီး PDF တွေရဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင်တယ်ဆိုပြီး သတင်းမှားနဲ့ တိုက်ခိုက်ဝါဒဖြန်ချိနေခြင်းဖြစ်ပါတယ်။ စာရွက်တစ်ရွက်ဟာ လူတိုင်းရေးသားလို့ရတဲ့ စာရွက်တရွက်သာဖြစ်ပြီး ဒီစာရွက်ဟာ ဆရာမကရေးသားခဲ့တဲ့ဆိုတဲ့အထောက်အထားမျိုး အခြားသော သတင်းလုပ်ငန်းလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာမတွေ့ရဘဲ စစ်အုပ်စုက ဝါဒဖြန့်ချိရေးအကောင့်တွေက အဓိကဖြန့်ချိလာတာတွေ့ရပါတယ်။

Avatar

Title:Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *