Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

Explainer လူမှုရေး

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။

“မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-10-08 192916.png

မူရင်းလင်ခ့် – FB linkArchive link  

ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။

C:\Users\Mi\Downloads\Screenshot 2022-10-08 192916.png

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

 ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။  

ပထမဗွီဒီယို

ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live ဗွီဒီယိုကအသုံးပြုပြီး လူတွေစိတ်ဝင်စားမယ့် အကြောင်းအရာကို လိုအပ်သလိုခေါင်းစဉ်တပ်ရေးသားနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ဦးက စစ်တပ်ဟာ ဘယ်တော့ မဲမနိုင်မယ့်အကြောင်းနဲ့ အာဏာမက်မောပြီး လက်နက်ပြခြိမ်းခြောက်ရင်း ဒီလိုပဲ အုပ်ချုပ်လာတဲ့အကြောင်း၊ သူတို့ဖမ်းချင်ပြီဆို ထောင်ချောက်ဆင်ပြီး အပြစ်မရှိတဲ့သူကိုတောင် အပြစ်ရှာပြီး ဖမ်းလေ့ရှိကြောင်း စတဲ့အကြောင်းအရာတွေကိုပြောကြားနေတဲ့အတွေးအမြင် ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။

ဒုတိယဗွီဒီယို 

ဒီဗွီဒီယိုထဲမှာလည်း ဖေ့စ်ဘွတ်မှာစာသားအနေနဲ့ ပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်ပို့စ်တစ်ခုကို အသံဖိုင်ပုံစံပြောင်းပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။ အသံဖိုင်ထဲမှာ NUG ကိုဝေဖန်နေသူတွေအနေနဲ့ မြေပြင်မှာ တကယ် လက်တွေ့လုပ်နေရတဲ့သူလောက်မသိနိုင်ကြောင်း၊ စစ်ကိုင်းဘက်ကို မြေပြင်ကွင်းဆင်းကြည့်ဖို့ စစ်ဆေးရေး ဂိတ်တွေမှာ NUG လက်အောက်ခံ PDF တွေ စစ်ဆေးနေတဲ့အကြောင်းနဲ့ လေယာဉ်ပစ်လက်နက်တွေအပါ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ အထူးကွန်မန်ဒိုသင်တန်းဆင်လားတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။

သုံးသပ်ချက်

အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး အကြောင်းအရာတွေကို ပြန်လည်ဖြန့်ဝေရာမှာ စိတ်ဝင်စားမှုရယူဖို့အတွက်ခေါင်းစဉ်အတု ခေါင်းစဉ်အမှားတွေအသုံးပြု ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့မှုဟာ လူထုအကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့သတင်းတစ်ခုဖြစ်ပြီး ဒီသတင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီရဲ့ တိုက်လေ ယာဉ်တွေ ပစ်ချခံရတယ်ဆိုပြီး အခုလို သတင်းတုဖြန့်ဝေလာ တာဖြစ်ပါတယ်။

Avatar

Title:Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

By: Nayar Maung 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *