Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

False နိုင်ငံရေး | Politics

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

“စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ သတင်းကို ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖတ်ကြားနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားထဲက ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်အတွင်း ကယားပြည်နယ် ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ပို့ပြီ သို့မဟုတ် ရန်ကုန်ကိုပြောင်းရွှေ့လိုက်ပြီ၊ ပြန်လွတ်ပြီဆိုတဲ့အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ 

မူရင်းလင်ခ့် – Myanmar NowArchive link  

အခုလိုမျိုး ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ဖြန့်ဝေရာမှာ မကြာခဏဆိုသလို ထင်ယောင်ထင်မှား ဖြစ်ဖွယ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်‌ရောက်ပြီ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပြီးဆိုပြီးတော့ သတင်းခေါင်းစဉ်တု ဖန်တီးလေ့ရှိပါတယ်။ Fact Crescendo Myanmar အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါတယ်။ 

သုံးသပ်ချက်

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်မှာပဲ ဆက်လက်ထားရှိပါတယ်။ စစ်တပ်က စွပ်စွဲ တရားစွဲဆိုထားတဲ့ အမှုပေါင်းများစွာအတွက်လည်း ဆက်လက်တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီဆိုတာလည်း မဟုတ်သလို ရန်ကုန်ပြန်ရောက်ပြီဆို တာလည်းမဟုတ်ပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *