
CNF/CNA ဌာချုပ်ကို လေကြောင်းကတဆင့် မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။
“ဒီနေ့တော့?
အောက်ချင်းငှက်ကင်CNF
အထက်ချင်းငှက်ကင်CNA
အကင်(၃၀၀)ကျော်သွားတယ်။”လို့ ရေးသားပြီး “ကိုကို့ ငယ်လေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အိန္ဒိယ-မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို မြန်မာစစ်တပ်က တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ကျဆုံးရတယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာလည်းကြည့်ပါ။
CNF/CNA ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေယာဉ်အသုံးပြုဗုကျဲတိုက်ခိုက်မှု ဗွီဒီယိုအစိတ်အပိုင်းကို Chin Human Rights Organization ကထုတ်ပြန်ထားတာကို အောက်မှာကြည့်ပါ။
သုံးသပ်ချက်
မြန်မာစစ်တပ်က CNA/CNF ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်မှုမှာ အမျိုးသမီးရဲဘော် ၃ ဦးနဲ့ အမျိုးသားရဲဘော် ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုတွေရှိတာတွေ့ရပါတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ယုံကြည်ရတဲ့ သတင်းဖော်ပြ ချက်တွေမှာ ဇန်နဝါရီ ၁၀ ရက်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Title:Fact Check: CNF/ CNA ဌာချုပ် ဗုံးကြဲတိုက်ခိုက်မှု ၃၀၀ ကျော်သေဆုံးတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading