
“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။
နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။
သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။
ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ ၂၄ ရက်ကလည်း “Phoethar Gyii” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ရွှေဘိုကနေ နေ့ချင်းပြန်သွားလို့ရတဲ့နေရာ သစ်လေးဖြစ်ပြီး ကျောက်မြောင်းမြို့နယ် စင်မကော်ကျေးရွာနားမှာရှိတယ် ဒီနေရာမှာ ရေးသားမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၄ ထောင် ၃ ရာကျော်ရှိပါတယ်။
“မုံရွာကနေ နေ့ချင်းပြန်သွားလို့ရတဲ့နေရာသစ်လေး…🍂🍄😍
မြို့ပြနဲ့ခဏတာအဝေး အနားယူအပန်းဖြေကြမယ်…🏃❤🏞
ချစ်ရတဲ့နဲ့ပဲသွားမလား…😚❤
သူငယ်ချင်းတွေနဲ့ပဲသွားမလား…😚❤
မိသားစုနဲ့သွားမလား…😚❤
နေရာလေးက အရမ်းအေးချမ်းပြီး အပန်းဖြေအနားယူလို့ကောင်းတဲ့နေရာလေးပါ…🍂
ဒီနေရာလေးကတော့ သူကြီးအိမ်လို့ခေါ်ပါတယ်…။သူကြီးအိမ်ဆိုတဲ့အတိုင်း အညာတောဓလေ့အရာများကိုမြင်တွေ့ရမှာပါ…🍂
နေရာလေးကတော့ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပါတယ်။…⏳
မုံရွာကနေ တစ်နာရီခွဲလောက်ပဲမောင်းရပြီး..တကယ်သွားရတာတန်မည့်နေရာလေးပါ…
ဝင်းကြေးကတော့ (၂၀၀၀ကျပ်) ပဲပေးရပါတယ်။
ငါမြှားလို့ရမယ် ၊ မြင်းစီးလို့ရမယ် ၊ လှေလှော်လို့ရမယ် ၊ စက်ဘီး ၊ ဆိုင်ကယ်စီးပြီး လည်ပတ်ကြည့်လို့ရပါမယ်…🚣🐟🛵🚲ခုမှ စဖွင့်တာပါ
ကဲသွားလိုက်ကြရအောင်…🏃🍂😘
(Sharingအနေနဲ့တင်ပေးခြင်းဖြစ်ပါသည်)
အဆင်ပြေကြပါစေ
Photo credit-သူကြီးအိမ်Page&other”လို့ ရေးသားပြီး “Win Htike Burmese Vlog”အမည်နဲ့ စာမျက်နှာမှာ ဒီဇင်ဘာ ၂၆ ရက်က မျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာကျော်ရှိပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ အဓိကျတဲ့ စကားလုံးအချို့ အသုံးပြု ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ “သူကြီးအိမ်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဇင်ဘာ ၁၇ ရက်တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
“သူကြီးအိမ် လေး ကဘယ်လိုမျိုးလဲ 🤔🤔
Phase 1
⛺ အစီအရီ လေးနဲ့ Hotel bungalow ရယ် (Type A)
⛱ မိသားစုလိုက် စားသောက်အနားယူနိုင်နဲ့ bungalow လေးရယ် (Type B)
🎣 နောက်ထပ် ငါးလေးမျှားပြီးအနားယူလို့ရတဲ့ bungalow တွေ (Type C)
🌉 ချောင်းလေးကို သွယ်တန်းထားတဲ့ ကြိုးတံတားလေး ရယ်
🏡 ပြီးတော့ပန်းဥယာဥ် နဲ့ ပန်းခြံလေးတွေရယ်
🌻 ကြာကန်နှစ်ကန် ကြားက ဝါးတံတားရှည်လေးရယ်
🎠 ကလေးတွေ မပျင်းရအောင် ဆော့ကစားလို့ရမယ့် ကစားကွင်း ရယ်
ကယ် အပြီးသပ်လေးကို ဘယ်လောက်သာယာပြီး လှနေလိုက်မယ်ဆိုတာ စိတ်ကူးလေးနဲ့ ပုံဖော်ပြီး ကြည့်လိုက်တော့နော် 😊
( လက်ရှိချိန်တွင် တည်ဆောက်ဆဲ ကာလဖြစ်လို့ လာရောက်လည်ပတ်သူများကို service ကောင်းကောင်းမပေးနိုင်သေးတာကြောင့် လွဲချောမှုများရှိခဲ့ရင် နားလည်ခွင့်လွတ်ပေးပို့ မေတ္တာ ရပ်ခံပါတယ်ရှင်)
မကြာခင် ဖွင့်လစ်နိုင်အောင် ပြီးပြည့်စုံတဲ့ သူကြီးအိမ်လေးဖြစ်ဖို့ အမြန်ဆုံး အကောင်ထည်ဖော်နေပါတယ်ရှင်”လို့ “သူကြီးအိမ်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။
မူရင်းလင်ခ့် – သူကြီးအိမ် | Archive link
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်းမကောရွာက ဧက ၁၂၀ ပေါ်မှာတည်ဆောက်နေတဲ့ “သူကြီးအိမ်” အပန်းဖြေစခန်းကို လာမည့် ဇန်နဝါရီ ၂၁ ရက်မှာဖွင့်လှစ်ဖို့ စီစဉ်နေတဲ့အကြောင်း The Voice သတင်းဌာနက ဒီဇင်ဘာ ၂၀ ရက်က ရေးသားထားတာကို ဒီလင့်ခ်မှာလေ့လာနိုင် ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာနဲ့ ရွှေဘိုမှာ ရှိတဲ့ မကြာခင်ဖွင့်လှစ်တော့မယ့် အပန်းဖြေစခန်းအဖြစ်မျှဝေနေတဲ့ ပို့စ်ပါ ဓာတ်ပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်းမကော ကျေးရွာမှာတည်ရှိတဲ့ မကြာမီဖွင့်လှစ်မယ့် အပန်းဖြေစခန်းက ဓာတ်ပုံတွေဖြစ်ပါတယ်။

Title:ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ
Fact Check By: Nayar MaungResult: Misleading