Fact Check: စစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး၃ ဦး NUGထံ ခိုလှုံလာတဲ့ သတင်းတု

မြန်မာစစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး NUGထံ ခိုလှုံလာတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်မှာ ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှု သာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “ဒုတိယ ဗိုလ်ချုပ်ကြီး(၃)ဦး NUGထံ ခိုလှုံလာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူးအပါဝင် အရာရှိ (၃)ဦး NUGထံ အလင်းဝင် ၊ နေပြည်တော်စစ်ရုံးချုပ် ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး NUGထံ ခိုလှုံလာတဲ့ ဒီသတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇူလိုင် ၁၉ ရက်မှာကျရောက်တဲ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယို တွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် လူထုခေါင်းဆောင်ကို စစ်တပ်က ပြန်လွှတ်လိုက်တာလို့လည်း ဆိုထားတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ “အာဇာနည်နေ့ ဒေါ်စု ပြန်လွတ်လာပြီ အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ဖိအားကြောင့် လူထုခေါင်းဆောင်ကို ပြည်သူရှေ့ ချပြလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ‌ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းတဲ့ သတင်းတု

‌စစ်တပ်သဘောတူညီချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းသွားမယ်ဆိုတဲ့ ဗွီဒီယိုတွေ ဒီရက်ပိုင်း ယူကျူ့ချန်နယ် တခုကဆက်တိုက်  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှု သာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် သဘောတူ ဒေါ်စုပြန်လည် ဦးဆောင်မည် တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဒေါ်စုနဲ့ ပူးပေါင်းပြီ မအလ ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘူး အာဆီယံနဲ့ ဆွေးနွေးမှု ထုတ်ပြန်” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့မယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ  သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတု

အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ ပြင်းထန်တဲ့ အာဆီယံရဲ့ ဖိအားကြောင့် ဒေါ်စုကို နေအိမ်ပြန်ပို့ဖို့ ကောင်စီ ဆုံးဖြတ် ၊ ပြည်သူတွေ ကခုန်နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို […]

Continue Reading

Fact Check: မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတဲ့ သတင်းတု

မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၁၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၇၉၀၀၀ ကျော်ရရှိထားတယ်။  “လေယာဉ် ၂စီး မြဝတီမှာ ပစ်ချခံရ ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်တပ် ၃၀၀ ကျော် အရှင်ဖမ်းဆီး ထိုင်းကိုထွက်ပြေးတဲ့ စစ်တပ် ၂၀၀ ကျော် ထိုင်းစစ်တပ်က အသေဖမ်းဆီး KNLA နဲ့ အမေရိကန် တပ် […]

Continue Reading

Fact Check: လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးထားတဲ့သတင်းတု

လွှတ်တော်ကို စစ်တပ်က ဝင်စီးပြီး ဦးခင်ရီ အပါဝင် အမတ် ၁၈ ဦး ဖမ်းဆီးဆိုထားတဲ့ ဗွီဒီယိုယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ  “လွတ်တော်ကို စစ်တပ်က ဝင်စီး ဦးခင်ရီ အပါဝင် လွတ်အမတ် (၁၈) ဦး ဖမ်းဆီးထား ၊ စစ်တပ် အင်အားအပြည့်နဲ့ ဝင်စီးခိုင်းပြီး ပြသာနာတက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ ဗွီဒီယိုထဲ အသံဖိုင်မှာတော့ လွှတ်တော်ကိုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချုပ်ကိုင်ဖို့ […]

Continue Reading

Fact Check: KNA ခေါင်းဆောင် စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

KNA ‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီး စောချစ်သူကို နေပြည်‌တော်အစိုးရ ခွင့်ပြုချက်နဲ့ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “စောချစ်သူ အမေရိကန် FBI ဖမ်းဆီးလိုက်ပြီ မင်းအောင်လှိုင်ရဲ့ ခွင့်ပြုချက်ကြောင့် ကျားဖျန့် လုပ်ဆောင်နေ ဖြစ်ကြောင်း စောချစ်သူ ဖွင့်ချ ၊ မအလ ဘဝနိဂုံးရောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ကရင်လက်နက်ကိုင် KNA တဖြစ်လဲ BGF ‌ခေါင်းဆောင်ဟာ အမေရိကန်အစိုးရ ပိတ်ဆို့မှုစာရင်းဝင် တဦးဖြစ်ပြီး မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးပြီး သူကောင်းပြုထားသူတဦးဖြစ်တယ်။  ဗွီဒီယိုဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာတဲ့ သတင်းတု

အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “မင်းအောင်လှိုင် ထိုင်ခုံ ပြုတ်ပြီး အာဆီယံ ဘုံ (၅) ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း ဖိလစ်ပိုင် ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် အာဆီယံမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက် မလိုက်နာလို့ စစ်ကောင်စီကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း […]

Continue Reading

Fact Check: နေပြည်တော်ကို KIA နဲ့ AA ဝိုင်းထားပြီ နေရာအများအပြားကိုလည်း သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို KIA နဲ့ AA ဝိုင်းထားပြီ နေရာအများအပြားကိုလည်း သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “လေယာဉ် ၅ စီး AA သိမ်းပိုက်  နေပြည်တော်ကို KIA နဲ့ AA ဝိုင်းထားပြီ လေယာဉ်ကွင်းနဲ့ လုံခြုံရေးဂိတ် အများအပြား သိမ်းပိုက် စစ်တပ်အများအပြားသေဆုံး တပ်မိသားစု ၂ ထောင်ကျော် အရှင်ဖမ်း”  Original link | Archive link အချက်အလက်စိစစ်ချက် နေပြည်တော်အစိုးရကို KIA နဲ့ AA ကဆန့်ကျင်တိုက်ခိုက်နေပြီး နေပြည်တော်နဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုအားလုံး ပိတ်သိမ်းတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုအားလုံး ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ ကြည့်ပါ။ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း ကာလရှည်ကြာ ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အထိ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးတော့မယ်လို့ စစ်ကောင်စီရဲ့ အဓိက သတင်းပြန်ကြားရေး ဖြစ်တဲ့ မြန်မာ့ရုပ်မြင် သံကြား(MRTV) ကနေ တရားဝင် ကြေညာသွားခဲ့တယ်လို့ ဆိုထားတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ  “ဒေါ်စု အမှု အားလုံး ရုတ်သိမ်း  နိုင်ငံတကာရဲ့ ဖိအားကြောင့် အမေစု အမှုအားလုံး ပိတ်သိမ်းလိုက်ပြီ ၊ ပြည်သူ့အောင်ပွဲသတင်း လာပြီ” Original link | Archive link […]

Continue Reading