Fact Check: ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်‌အောင်ဆန်းစုကြည် ပြန်လည်ခုခံဆိုတဲ့ သတင်းတု

ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်‌အောင်ဆန်းစုကြည် ပြန်လည်ခုခံလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မဲးခိုတာ မင်းတို့ ကြံ့ခိုင်ရေးဟု ဒေါ်စုအော်ဟစ် တရားရုံးမှာ မင်းတို့က မဲခိုးတာဟု ဒေါ်စု အပြတ်ပြော ပြတ်သားတဲ့ ပြည်သူ့မိခင်ကြီးရုပ်သံထွက်ပေါ်” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ကူးယူ‌ ပြန်လည်ဖော်ပြရာမှာ ခေါင်းစဉ်တုတပ် ဒါမှမဟုတ် လုပ်ကြံရေးသားချက်တွေအသုံးပြု ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ် လေယာဉ်ဆီ ဖြတ်တောက်ဆိုတဲ့ သတင်းတု

လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ်က ဝေဖန်လိုက်ပြီး လေယာဉ်ဆီလည်း ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်တပ်ကို တရုတ်အရေးယူပြီ လေယာဉ်အသုံးပြုခွင့် ပိတ်လိုက်ပြီ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို တရုတ်ပြင်းထန် ဝေဖန် လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူ‌ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ

အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အီရန်ပိုင်နက်ပေါ်မှာ အီးစ္စရေး တိုက်လေယာဉ်” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလို ကောင်းကင်ထက်က တိုက်လေယာဉ်နဲ့ မြေပြင်လေကြောင်းရန် ကာကွယ်ရေးစနစ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုမြင့်တက်ချိန်ကလည်း အိန္ဒိယလေယာဉ်ကို ပါကစ္စတန်က ပစ်ချမှုအဖြစ် ပျံ့နှံ့ခဲ့ဘူးပြီး ဖေ့စ်ဘွတ်ပေါ်က နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက် စိစစ်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးပါတယ်။  အခုလည်း ဒီဗွီဒီယိုဟာ လက်ရှိ […]

Continue Reading

Fact Check: Air India လေယာဉ်ပျက်ကျရမှု အစီရင်ခံစာ မထွက်သေးပါ

လူပေါင်း ၂၇၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဇွန် ၁၂ ရက်က Air India လေယာဉ်ပျက်ကျရမှုဟာ လေယာဉ်မှူး ထိုင်ခုံကို ထိန်းထားတဲ့ အတံလေးတခု ပြုတ်နေတာကို သတိမထားမိတာကနေ ဖြစ်ပွားခဲ့ရတယ်လို့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ကနဦးအစီရင်ခံစာမှာ ဖော်ပြတယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဥ်မှူးရဲ့ ထိုင်ခုံ ရွေ့လျားမြောင်းက pin တစ်ချောင်းပြုတ်နေခြင်းက … လူပေါင်း ၂၀၀ ကျော်ကို အသက်ဆုံးစေခဲ့ Credit: Wise News ရှေးဦးတွေ့ရှိချက်အစီရင်ခံစာ။ အိန္ဒိယလေယာဉ်ပျက်ကျမှုအတွက် preliminary report […]

Continue Reading

Fact Check: Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဆိုတဲ့ သတင်းမှား

ဇွန် ၁၂ ရက်က ပျက်ကျခဲ့တဲ့ Air India လေယာဉ် ပျံမတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်မိထားတဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုနဲ့ လေယာဉ်အတွင်းမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Air India လေယာဉ်မတက်ခင် မိနစ်ပိုင်းအလို tay ဆုံးရမယ်လို့ ဘယ်သူမှမသိခင်အချိန် မှတ်တမ်းတင်မိထား video😥👇👇 ဘဝနှင့်အသက်တို့သည် လက်တစ်သီးအတွင်း ပြောင်းလဲသွားနိုင်သည်အထိ တိုတောင်းပြီး ဆန်းကျယ်လှပေသည်။ ထို့ကြောင့် အသက်ရှင်နေသမျှကာလအတွင်း ကျန်းမာ၍ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။ 🙏 Video ကို […]

Continue Reading

Fact Check: လိုင်စင်မဲ့ကားတွေကို လိုင်စင်ပေးမယ်ဆိုတဲ့ သတင်းတု

လိုင်စင်မဲ့ကားတွေကို လိုင်စင်လုပ်ပေးမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ကြေညာတဲ့ ပို့စ် ‌ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “#12.6.2025 Update (W)ကားတွေ လိုင်စင်ချပေးဖို့ အမိန့်ထုတ်လိုက်ပြီဗျာ ပိုက်ဘောမိထားတဲ့ ဝယ်ရောင်းပွဲဇိုးလော်ဘီတွေအတွက်တော့ စိတ်တော့မကောင်းပါဘူး😅 ပွဲဇိုးလေးတွေနှလုံးအားဆေးကြိုသောက်ထားကြ” Original link | Archive link အချက်အလက်စိစစ်ချက် လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်ကောင်စီလက်အောက်က စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လို့ ဆိုထားတဲ့ ထုတ်ချက်ကို လေ့လာကြည့်ရာမှာ ရုံးစာအသုံးအနှုန်းမဟုတ်တဲ့ စကားလုံတွေပါဝင်နေသလို မြန်မာစာရေးသား ထုံးဖွဲ့မှုကို […]

Continue Reading

Fact Check: ကားပေါ်မတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လေယာဉ်ပေါ်က အဆင်းမှာ စောင့်ဆိုင်းနေတဲ့ ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုဟာ သူ့ရဲ့ လက်ရှိကျန်းမာရေးပြဿနာကို ပြသနေတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။   နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ဗွီဒီယိုဟာ ပထမ သမ္မတ သက်တမ်းအတွင်းက ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဉ်ပေါ်ကဆင်းပြီး ကားပေါ်မတက်ပဲ ဦးတည်ရာမဲ့ လျှောက်သွားနေလို့ Secret Service က သတိပေးနေရတဲ့ Video á€•္ဍ်ထွက် လာပြီးနောက် Trump ရဲ့ ကျန်းမာရေးအခြေအနေကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အထူးသတင်း ‌ဇော်မဲလုံးPDFထံအလင်းဝင် နေပြည်တော်ပစည်းဝေးမှာသူ့ကိုဆဲကြလို့ စိတ်ဆိုးပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားတာဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် […]

Continue Reading

Fact Check: ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြားဆိုတဲ့ သတင်းတု

ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က အများအပြားထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့တယ် ဆိုပြီး ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “၇.၉ ဖျက်အားပြင်း ငလျင် လှုပ်ခတ် မင်းအောင်လှိုင်တည်တဲ့ ဘုရားပြိုကျ စစ်အုပ်စု နဲ့ ဘုရားဖူးများ သေဆုံးမှု များပြား  နေပြည်တော်ကို အမှောင်ချ နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် […]

Continue Reading