
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာကြောင့် လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ ကျောင်းသား တစ်ယောက်ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေကြတာတွေ့ရပါတယ်။
“Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ” Feel.ကြမယ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက် ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေခဲ့ကြပြီး ဟာသအမြင်နဲ့ မှတ်ချက်ပေးသူ ၁၀၀ ကျော်လည်းရှိခဲ့ပါတယ်။

အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ အောင်မြင်သူမရှိတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဌာန ဝက်ဘ်ဆိုဒ် ကနေ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်အောင်စာရင်းတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
အခုမျှဝေနေတဲ့ ကဖ ၇၄၄ ဟာ ဖားကန့် စာစစ်ဌာနက ဝင်ရောက်ဖြေဆိုအောင်မြင်သူဖြစ်ပြီး အောင်စာရင်း မှာပါတဲ့ နာမည်ဟာ “မောင်သန့်စင်ဉီး”ဖြစ်တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ အောင်စာရင်းဓာတ်ပုံနဲ့ မြန်မာနိုင်ငံ စာစစ်ဌာနက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်ပါဝင်ခြင်းမရှိပါဘဲ ဟာသအမြင်နဲ့ ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး အောင်စာရင်းကို ပြုပြင်ဖန်တီးမျှဝေနေကြခြင်းသာဖြစ်ပါတယ်။

Title:မောင်ထမင်းစားပီးပီလား နာမည်နဲ့ ဆယ်တန်းအောင်မြင်ခဲ့သူရှိသလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False