ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက အဆီလွှာကို ပေါက်ပြဲပျက်စီးစေတာကြောင့် အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို သေကြေပျက်စီးစေပါတယ် မတော် တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ် တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့် တွေဖြန်းပီးနောက်ပိုင်း ပိုးကူးစက်မှု ရပ်တန့်သွားကြောင်းအခု လက်ရှိ postive ဝေဒနာသည်တွေဟာ ကွမ်းမစား သူတွေဖြစ်ကြကြောင်း ထို့ကြောင့် ကွမ်းစားများတဲ့ အိန္နိယနဲ့မြန်မာမှာ ကူးစက်မှုနည်းနေကြောင်း ကွမ်းစားခြင်း ကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာပါ တစ်ခုတော့ရှိပါတယ် ကျန်တဲ့ အပေါက် တွေက မဝင်အောင်တော့ အိမ်ထဲမှာပဲ နေ လက်ဆေးကြပေါ့ဗျာ ဒါပေမဲ့ ကွမ်းမစားသူထက်စာရင်တော့ ကွမ်းစားနေကြတဲ့သူတွေက ကူးစက်ခံရမှုမရှိသလောက်ဖြစ်နေ ကြောင်း ဖတ်ရှုရတဲ့အတွက် စိတ်သက်သာရရန် အလို့ဌာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်ဗျာ”ဆို Sai Aung Kant အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ အလားတူစွာပဲ “Pyae Sone group car rental services”၊“ခရီးသွားသတင်းသမား”၊ “Aung Kyaw Tun“၊ “Wunna”စတဲ့အမည်နဲ့အကောင့်တွေကလည်း မျှဝေထားတာတွေ့ရပါတယ်။

Fb linkFb linkFb linkFb linkFb link
Archive linkArchive linkArchive linkArchive linkArchive link

အချက်အလက်စိစစ်ချက်

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထာပါတယ်။

Link

Google မှာ “Ca(OH)2 kills coronavirus”ဆိုပြီးရိုက်ရှာမယ်ဆိုရင်လည်း နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ တစ်စုံတစ်ရာအထောက်အထားမတွေ့ရှိရပါဘူး။

ကွမ်းယာနဲ့ ဆေးရွက်ကြီးစားသုံးခြင်းကြောင့် ခံတွင်းကင်ဆာ အမျိုးမျိုး (ပါးစပ်၊ လည်ချောင်း၊ ပါး၊ နှုတ်ခမ်း၊ လျှာ ကင်ဆာများ)၊ အစာပြွန်ချောင်း(esophagus)ကင်ဆာနဲ့ အခြားကင်ဆာတွေ ဖြစ်ပွားနိုင်တာကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

WHOArchive link

မြန်မာနိုင်ငံမှာ ကွမ်းယာနဲ့ ဆေးရွက်ကြီးစားသုံးမှု တိုက်ဖျက်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းစတဲ့အဖွဲ့အစည်းတွေက ဆောင်ရွက်နေတဲ့အခြေအနေကို ကိုအောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Mohs
MOI

သုံးသက်ချက်

အထက်ပါ အချက်အလက်တွေအရ ကွမ်းယာစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဘူးဆိုတာ သတင်းမှား သာဖြစ်ပါတယ်။ လောလောဆယ်အထိ ကိုရိုက်နာဗိုင်းရပ်စ်ကို ပျောက်ကင်းစေတဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ တိုင်းရင်းဆေး၊ အိမ်တွင်းဆေးမီတိုနဲ့ အနောက်တိုင်းဆေးတစ်စုံတစ်ခုကို အထောက်အထာခိုင်ခိုင်လုံလုံနဲ့ မတွေ့ရှိရသေးပါဘူး။

Avatar

Title:ကွမ်းစားတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False