NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ဒေါက်တာသက်သက်ခိုင် ဝေဖန်ခဲ့တယ်ဆိုတာမဟုတ်ပါ

False နိုင်ငံရေး | Politics

“၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ ဒေါက်တာသက်သက်ခိုင်ပုံနဲ့ ဓာတ်ပုံပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။

“လင်းလင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားပါတယ်။ 

Fb linkArchive link

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဒီကိစ္စနဲ့ ပြန်ရှင်းလင်းဖူးပါတယ်။

အချက်အလက်စိစစ်ချက်

သူရိယနေဝန်းဂျာနယ်မှာပါတဲ့ ရေးသားချက်တွေဟာ သူ့အနေနဲ့ တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိဘူးသလို ဘယ်မီဒီယာကိုမှ ပြောဆိုခဲ့ခြင်းမရှိတဲ့အတွက် ပြန်လည်ရှင်းလင်းဖို့ ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာမှာထည့်သွင်းကြော်ငြာခဲ့ပြီးနောက်မှာ သူရိယနေဝန်းဂျာနယ် ကလည်း စက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာမှာ International Social Media Network က တစ်ဆင့် ကူးယူ ဖော်ပြခဲ့မိခြင်းဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

ဒေါက်တာသက်သက်ခိုင်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ် စက်တက်ဘာ ၂၂ ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပြန်လည်မျှဝေဖူးတာတွေ့ရပါတယ်။

“ဒီနေ့ ၂၂/၀၉/၂၀၁၈ ကြေးမုံသတင်းစာ မှာပါတဲ့ သတိပေးစာကို အများပြည်သူ သိရှိနိုင်ပါရန် တင်ပြအပ်ပါတယ်ရှင်”ဆိုပြီးတော့ ပြန်လည်မျှဝေထားပါတယ်။

https://www.facebook.com/photo.php?fbid=10216836069362099&set=a.10201809003094834&type=3

 “၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ စာတမ်းထိုးတာတဲ့ပုံကို မဇ္ဈိမ သတင်းဌာနက  စတင်သုံးစွဲခဲ့တဲ့ပုံဖြစ်တာတွေ့ရပြီး ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်တွေကနေ ရပ်နားကြောင်း ကြေညာခဲ့ပြီးနောက်မှာ “ဒီမိုကရေစီစံနှုန်း ပါတီတွင်း ပျောက်ဆုံးဟု ပါတီတာဝန် ရပ်စဲခံရသည့် ဒေါ်သက်သက်ခိုင် ဝေဖန်”ဆိုတဲ့ ၂၀၁၈ စက်တင်ဘာ ၁ ရက်မှာဖော်ပြခဲ့တဲ့ သတင်းမှာ သုံးစွဲခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Mizzima 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  “၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ ဒေါက်တာသက်သက်ခိုင်ပြောဆိုတဲ့အချက်ကို သတင်းတု သတင်းမှား အဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ဒေါက်တာသက်သက်ခိုင် ဝေဖန်ခဲ့တယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *