ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

False ကူးသန်းရောင်းဝယ်ရေ စီးပွားရေး | Economy လူမှုရေး

ခင်ဦးမြို့မဈေးထဲက ငါးခြောက်တုလို့ သံသယရှိမှုကြောင့် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့ ဓာတ်ပုံကို ငါးခြောက် အတုများဆိုပြီး CeleClub ကရေးသားထားပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ တိုင်တန်းချ က်ကြောင့် ဝင်ရောက်စစ်ဆေးပြီး အတုလိုထင်ရဲ့ ငါးခြောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ယူသွားတယ်လို့ ရေးထားပေမဲ့ ခေါင်းစဥ◌်မှာ ငါးခြောက်တုတွေတဲ့ဆိုပြီး ဓာတ်ပုံမှာရေးသားထားပါတယ်။ 

အချက်အလက်စိစစ်ချက်

၁။ဒီသတင်းကို စိစစ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေဟာ ခင်ဦးမြို့မ‌စျေးကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်စစ်ဆေးခဲ့တာမှန်ပေမဲ့ ငါးခြောက်တုလို့ အတည်ပြုတာမျိုးတော့ မတွေ့ရပါဘူးလို့ Eleven Media Group ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

၂။ မတ် ၂ ရက်နေ့ရက်စွဲနဲ့ The Voice က ဖော်ပြတဲ့သတင်းမှာလည်း ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ သံသယရှိတဲ့ ငါးခြောက်နာမူနာတစ်ချို့ကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်ပြီး အဖြေမထွက်သေးဘူးလို့ စစ်ဆေးရာမှာပါဝင်တဲ့ တာဝန်ရှိသူက ပြောကြားထားပါတယ်။

၃။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဥ◌ီးစီးဌာနက ထုတ်ပြန်ထားတာမျိုးလည်းမရှိပါဘူး။

သုံးသပ်ချက်

တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ ဓာတ်ခွဲခန်းပို့ထားဆဲအဆင့်သာဖြစ်ပြီး သတင်းဓာတ်ပုံမှာရေးသားထားသလို ငါးခြောက်တွေဟာ အတုဖြစ်တယ်ဆိုတာ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။ 

Avatar

Title:ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *