ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

False နိုင်ငံတကာ၊ | International

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မှာ ရဲဖမ်းဆီးစဉ်အတွင်း အာဖရိကဖွားအမေရိကန်အမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ချို့ရှိသလို အကြမ်းဖက်ဖျက်ဆီးမှုတွေလည်းရှိခဲ့ပါတယ်။

ဝါရှင်တန်၊လော့အိန်ဂျလိစ်၊ချီကာဂို၊မီယာမီ၊ဒက်ထရွိုက်၊ဖိလဒယ်ဖီးယားစတဲ့ မြို့ကြီးပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေါသထွက်နေတဲ့ဆန္ဒပြည်သူ တွေကို ငြိမ်းချမ်းစွာ ဒူးထောက်၍ အသနားခံတောင်းပန်နေ”ဆိုတဲ့ ပို့စ်တစ်ခုကို  extramm.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားထားတာတွေ့ရပါတယ်။

LinkArchive link

“ခွန်အားရှိသော စာပေများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “WT Kaung”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူလည်း ပြန်လည်မျှဝေထားသလို “Su Su San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။

ဓာတ်ပုံထဲမှာတော့ ရဲအရာရှိကြီးငယ်တွေက အုပ်စုလိုက် ဒူးထောင်နေကြတာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ ပို့စ်ရဲ့အောက်မှာ လူမည်းတွေရဲ့ ဂျော့ဖလွိုက်အတွက် ဆန္ဒပြတဲ့ သင်္ကေတဆိုပြီးတော့လည်း လူမှုကွန်ယက် သုံးစွဲသူ အချို့က မှတ်ချက်ရေးသားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

 Google မှာ “kneel for George”ဆိုပြီး ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်း ရလဒ်တွေ တွေ့ရပါတယ်။

ဂျော့ဖလွိုက်နဲ့အတူရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ခြေထောက်တစ်ဖက်ကို ဒူးထောက်ပြီး ခြေတစ်ဖက်ကို ထောင်ထားတဲ့ ပုံစံကို လီဗာပူးဘောလုံးအသင်းကစားသမားတွေ ကလည်း သူတို့ရဲ့ အန်ဖီးကွင်းမှာ သရုပ်ဖော် ဆန္ဒပြုခဲ့တာတွေ့ရပါတယ်။ 

Skysports

ဒီလိုပဲ အခြားသော အမေရိကန်က သတင်းဌာနကြီးတွေက ရဲတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေနဲ့ တသားတည်းရှိနေ တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒူးတစ်ဖက်ထောက်ပြီး ဆန္ဒပြုခဲ့တဲ့အကြောင်းဖော်ပြထားတာကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

NBCWashinton Postabc11

ဂျော့ဖလွိုက်သေဆုံးခဲ့ရတဲ့အကြောင်းအရင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

New York Times

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကို အမေရိကန်ကရဲတွေက ဒူးထောက်တာဟာ တောင်းပန်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ဘဲ ရဲဖမ်းဆီးစဉ်အတွင်းမှာ သေဆုံးခဲ့ရတဲ့ ဂျော့ဖလွိုက်အတွက်ဆန္ဒပြကြသူတွေနဲ့ တသားတည်းရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *