Fact Check: ကချင်အရက်ကကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

Coronavirus Misleading ကျန်းမာရေး၊ | Health

ကချင်မီးတောက် အရက်သောက်ရင် ကိုဗစ်-၁၉(COVID-19)ရောဂါပိုးသေစေတဲ့အတွက် ကိုဗစ်ရောဂါကို ကုသနိုင်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။ ကချင်မီးတောက် အရက်မှာ အရက် ၅၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဒီပြင်းအားကြောင့် ပိုးသေစေတာလို့လည်း ရေးသားထားပြီး ဒီပို့စ်မှာပဲ အရက်မသောက်ချင်ရင်လည်း သံပုရာသီးနဲ့ ဂျင်းရောပြီးသောက်တာဖြစ်စေ၊ ဆားနဲ့ပလုပ်ကျင်း တာဖြစ်စေလုပ်ခြင်းအားဖြင့် ပိုးသေစေတယ်လို့ ရေးသားထားပါတယ်။

ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းစေတယ်ဆိုတာမဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ ကိုဗစ်ပျောက်ကင်းစေတယ်ဆိုတဲ့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(World Health Organization- WHO)က အတည်ပြုထားပြီးဖြစ်ပါတယ်။

“ကချင်မီးတောက် အရက်မှာ Alchohol around 50%ပါဝင်ပါတယ်။grand မှာ ဆိုရင်တော့ around 40 % လောက်ဖြစ်မယ်ထင်တယ်။ အဲ့ဒါကြောင့် အရက်ပြန်လို handgel နဲ့ပြန်ရောထားတဲ့ alchohol % ကျနေတဲ့ အရည်တောင် ပိုးသေစေမှတော့ alchohol 50% လောက်ကို နေ့တိုင်းအာခေါင်ထဲဖြတ်သန်းနေမှတော့ ဘယ်ပိုးခံနိုင်မလဲ။ အရက်သောက်ဖို့တိုက်တွန်းတာမဟုတ်ပါ။ အဓိက ဆိုလိုချင်တာက  ခုချိန်မျိုးမှာ ကချင်အရက်ကို ဆေးအဖြစ်နဲ့ 2ml လောက် ညအိပ်ခါ နီးတိုင်း ဆေးအဖြစ်နဲ့ လည်ချောင်းထဲ ဖြတ်သန်းစီး ဆင်းစေမယ်ဆိုရင် ( ပိုးကူးစက်မှု့မရှိသေးတဲ့ အဆုတ်ထဲမရောက်သေးတဲ့ ပိုးဟာ လည်ချောင်းထဲမှာ တင်သေ သွားမှာ ဖြစ်ပါတယ်။အရက် ကိုအဝင်ဆိုး လို့ မသောက်ချင်သူများအနေနဲ့လဲ သံပရာသီးနဲ့ဂျင်းနဲ့ရောပြီး ရေနွေး ပွက်ပွက်ဆူထဲ ဆယ်မိနစ်ခန့် ထည့်ပြုတ်ပြီး ထိုပြုတ်ရည်တစ်ဖန်ခွက်ကို ပျားရည်တစ်ဇွန်းနဲ့သောက်သုံးနိုင်ပါ တယ်။ ဆားဟာလဲ ပိုးသေစေတာမို့ ဆားရည်နဲ့ အာခေါင်းထဲ အထိ မနက်ခင်းပလုတ်ကျင်းလဲ အနည်းနဲ့အများ ကာကွယ်ပေးပါတယ်။ကျနော့် အတွေ့အကြုံ အမြင်အရကတော့ ကချင်မီးတောက် 2mlလောက်ကို ညအိပ်ယာဝင်ချိန်မော့လိုက်တာက ပိုပြီးအာနိသင်ရှိမယ်လို့ထင်မြင်မိပါကြောင်း”စသည်ဖြင့် ရေးသားပြီး “Education – Kyaw Kyaw Zin”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇူလိုင် ၇ ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေ အတွက် ၁ ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်စာမျက်နှာဖြစ်တဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အရက်ဟာ ကိုဗစ်-၁၉ ကိုမကာကွယ်နိုင်ဘဲ ကျန်းမာရေးပြဿနာကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ၊ ကောလာဟလတွေကို ဖြေရှင်းမှုတစ်ရပ်အနေနဲ့ အရက်နဲ့ပတ်သက်တဲ့ ဖြေရှင်းချက်ကို မေ ၂၇ ရက်စွဲနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအတိုင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

“အရက်သောက်ခြင်းဖြင့် ကိုဗစ်-၁၉ ကနေ သင့်အားကာကွယ်နိုင်မည်မဟုတ်ပါ။ ထို့အပြင် အရက်သောက် ခြင်းဖြင့် အန္တရာယ်ရှိနိုင်ပါသည်။ ဘေးဉပဒ်ဖြစ်စေလောက်အောင် အရက်ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေး ချို့ယွင်းမှုဖြစ်နိုင်ခြေလည်း ပိုများလာပါသည်။”

မူရင်းလင်ခ့် – WHOArchive link

ထို့အပြင် ကိုဗစ်ကာလမှာအရက်သောက်သုံးမှုကို ထိန်းချုပ်သင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုပြုထားတာတွေ့ရပါတယ်။

အလားတူ ဆားရည်နဲ့ပလုပ်ကျင်းတာဟာ လည်ချောင်းနာတာမျိုးကို သက်သာစေနိုင်ပေမဲ့ ကိုဗစ်-၁၉ ကို ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးတော့မရှိပါဘူး။ Fact Crescendo က ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

ထို့အတူ ဂျင်း၊သံပုရာရည်စတဲ့ပစ္စည်းတွေဟာ နေ့စဉ်စားသုံးနေတဲ့ အစာအဟာရအုပ်စုဝင် ပစ္စည်းတွေဖြစ်ပြီး ကိုဗစ်-၁၉ ကိုကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကချင်အရက်သောက်ရင် ကိုဗစ်-၁၉ပျောက်တယ်ဆိုတာ မဟုတ်ပါဘူး။ အရက်သောက်ခြင်းဖြင့် ကျန်းမာရေးပြဿနာကို ပိုမိုဆိုးရွား ရှုပ်ထွေးစေနိုင်တာတွေ့ရပါတယ်။

Avatar

Title:ကချင်အရက်ကကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *