ဖေ့စ်ဘွတ်မှာ Hug Reaction ရဖို့အတွက် ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေရမယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

“ရပြီ ဒီလိုမန့်တာ ဒီ react လုံးဝမရသေးတဲ့သူများအတွက် 1. ယခုစာကိုကူးယူပြီး Group 5ခု Share တင်ပေးပါ

2 . အောက်ကစာသားလေးcopy ယူပြီးမန့်မှာပြန်မန့်ယုံနဲ့ရပြီနော် 3. Page ကို Like လုပ်ပါ….။အဆင့်အားလုံး ပြီးပါကအလိုလိုရရှိလာပါမည် မရသူများအနေဖြင့် Page Massage မှ Hi ပေးပါတစ်ချို့အကောင့်များ ၂၄နာရီ ကြာနိုင်သည်”ဆိုပြီး “BKP”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။ ဧပြီ ၃၀ ရက်ကမျှဝေထားတဲ့ ဒီပို့စ်ကို ဖေ့စ်ဘွတ်သုံးစွဲသူ ၉၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဖေ့စ်ဘွတ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ရေးမန်နေဂျာ Alexandru Voica က ဖေ့စ်ဘွတ်ရဲ့ ဂရုစိုက်ကြောင်း ပြတဲ့အနေနဲ့ သုံးတဲ့ဒီ ပြုံးနေတဲ့မျက်နှာနဲ့ အသည်ကို ပွေ့ဖက်ထားဟန်ကို မိတ်ဆက်ပေးဖို့ရှိတယ်လို့ ဧပြီ ၁၇ ရက်က twitter မှာကြေညာခဲ့တာတွေ့ရပါတယ်။ ဒီလိုပဲ မက်ဆေ့ဂျာမှာ ခရမ်းရောင်အသည်းပုံလေး ခုန်နေတဲ့ပုံကို သုံးစွဲနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Twitter Link

ဒီ emoji ကို ဧပြီ ၁၇ ရက်မှာပဲ အချို့သောဖေ့စ်ဘွတ်သုံးစွဲသူတွေအနေနဲ့ ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ နောက် တစ်ပတ်လောက်မှသာ တစ်ကမ္ဘာလုံးက သုံးစွဲသူတွေအနေနဲ့ ရရှိနိုင်မယ်ဆို့ CNet အမည်ရ နည်းပညာသတင်း ဝက်ဘ်ဆိုဒ်ကရေးသားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ဒီလိုပဲ ဖေ့စ်ဘွတ်က ဒီ emoji ကိုဘယ်အချိန်မှာစတင်ရရှိမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ အချိန်မရှိဘူးလို့ androidcommunity အမည်နဲ့ဝက်ဘ်ဆိုဒ်ကရေးသားပါတယ်။

Link

ဒီလို အသည်းပုံလေးကိုပွေ့ဖက်နေတဲ့ပုံနဲ့ဖေ့စ်ဘွတ်မှာ စတင်အသုံးပြုဖို့အတွက် ကိုယ်ပုံစံလေးပေးချင်တဲ့ ပို့စ်ကို ရှာပြီး အဲဒီပို့အောက်က “Like”ဆိုတဲ့ပုံစံလေးရှိတဲ့နေရာကို နှိပ်ထားမယ်ဆိုရင် ရွေးချယ်စရာ နောက်ထပ် ပုံစံ ၆ ခုထပ်မံတွေ့ရှိရဖြစ်ပြီး ပြုံးနေတဲ့မျက်နှာနဲ့ အသည်းကိုပွေ့ဖက်နေတဲ့ပုံကို ရွေးချယ်ရုံပါပဲ။ ဒီလိုမျိုးလုပ်ဆောင်ပေမဲ့ ဒီလို hug reaction ပုံပေါ်မလာခဲ့ဘူးဆိုရင်တော့ ကိုယ်သုံးနေတဲ့ ဖေ့စ်ဘွတ်က ဗားရှင်းနိမ့်နေတာကြောင့် ဒီလို အသစ်ထွက်ရှိလာတဲ့ အရာကို မရရှိတာဖြစ်နိုင်ပြီး update လုပ်ဖို့ အကြံပြုထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

LinkArchive link

ဒီလိုပဲ thesun သတင်းဝက်ဘ်ဆိုဒ်က ကိုယ့်ရဲ့ဖေ့စ်ဘွတ်ပေါ်လာချိန်မှာ အဲဒီ ပြုံးနေတဲ့မျက်နှာနဲ့ အသည်းပုံလေးကို နှိပ်ထားပြီး ရယူနိုင်တယ်လို့ ရေးသားထားပါတယ်။

Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဖေ့စ်ဘွတ်မှာ Hug Reaction ရဖို့အတွက် ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေရမယ် ဆိုတဲ့သတင်းဟာ သတင်းမှားဖြစ်ပါတယ်။ Hug Reaction ရဖို့အတွက် ကိုယ်သုံးနေတဲ့ ဖေ့စ်ဘွတ်ဗားရှင်းမြှင့် တာနဲ့ မရသေးရင် ဖေ့စ်ဘွတ်ကပို့ဆောင်နေတဲ့ ဒီ emoji အသစ်ဟာ ကိုယ့်ဆီမရောက်သေးတာပဲဖြစ်ပြီး အချိန်အနည်းငယ်စောင့်ဆိုင်းခြင်းအားဖြင့် အလိုလိုရရှိမှာဖြစ်ပါတယ်။

Avatar

Title:ဖေ့စ်ဘွတ်မှာ Hug Reaction ရဖို့အတွက် ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေရမယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *