Fact Check: တရုတ်ကထုတ်တဲ့ Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ ရတယ် ဆိုတဲ့သတင်းမှား

Coronavirus False နိုင်ငံတကာ၊ | International

တရုတ်ကထုတ်တဲ့အခု Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ရလို့ စက်ရုံယာယီ ပိတ်သိမ်းထားတယ် ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ 

“တရုတ်နိုင်ငံထုတ် Pepsi Cola အပြာရောင်ဗူးထဲ၌ Covid-19 ပိုးတွေ့ရှိရ၍ ယင်းစက်ရုံကို ယာယီပိတ်သိမ်း ရပ်ဆိုင်းထားသည်။#crd”ဆိုပြီး “မောင် မောင် ချိုရီ” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ “covid-19 found inside pepsi bottle in china”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး နိုင်ငံတကာသတင်းတွေကို ရှာဖွေရာမှာ ဒီလိုအလားသဏ္ဌာန်တူသတင်းတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ 

တကယ်တော့ မမှန်ကန်တဲ့သတင်းဟောင်းကို “မောင် မောင် ချိုရီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ပြန်လည်မျှ ဝေနေခြင်းဖြစ်ပါတယ်။ ဇွန် ၁၅ ရက်မှာ Pepsi Cola အပြာရောင်ဗူးထဲမှာ Covid-19 ပိုးတွေ့လို့ စက်ရုံကို ယာယီ ပိတ်သိမ်းခဲ့တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ မျှဝေခဲ့ဖူးပါတယ်။ 

ဒီသတင်းဟာ ဘေဂျင်းမှာရှိတဲ့ PepsiCo ရဲ့ အကြော်အလှော်လုပ်ငန်း၊ အာလူးကြော်နဲ့ အခြောက်ကြော်လုပ်ငန်း စက်ရုံမှာ COVID-19 အတည်ပြုလူနာ တစ်ဉီးတွေ့ရှိရပြီးနောက် စက်ရုံလည်ပတ်မှု ရပ်ဆိုင်းကာဝန်ထမ်း ၄၈၀ ကို သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ လုပ်ခဲ့တဲ့နောက် ပျံ့နှံ့ခဲ့တဲ့ သတင်းတစ်ခုဖြစ်တာတွေ့ရပါတယ်။  သို့သော်လည်း   ဒီစက်ရုံက အချိုရည်ထုတ်တဲ့ စက်ရုံမဟုတ်တာ တွေ့ရသလို အချိုရည်လုပ်ငန်းအပေါ်သက်ရောက်ခြင်းမရှိဘူးလို့ ကုမ္ပဏီဘက်က ထုတ်ပြန်ရှင်းလင်းထားတာတွေ့ရပါတယ်။ အဲဒီအချိန်က Fact Crescendo Myanmar က အချက်အလက် စိစစ်ထားတာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဇွန်လထဲက တရုတ်အခြေစိုက်သတင်းဌာနတွေရဲ့သတင်းဖော်ပြချက်ကို အောက်ပါ လင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

China DailyCNGT

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ Pepsi Cola အပြာရောင်ဗူးထဲမှာ Covid-19 တွေ့ရှိဆိုတဲ့ အထောက်အထား မတွေ့ရှိရဘဲ ဇွန် ၁၅ ရက်က ဝန်ထမ်းတစ်ဦးမှာ Covid-19 ပိုးတွေ့လို့ (Pepsi)ကိုလာစက်ရုံကို ယာယီပိတ်ခဲ့တဲ့ သတင်းဟောင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:တရုတ်ကထုတ်တဲ့ Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ ရတယ် ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *