လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

False လူမှုရေး

“သရက်သီး ကောက်ရင်း ဓာတ်လိုက် သေဆုံးခဲ့သည့် မောင်နှမ ၄ဦး၏ ကြေကွဲဖွယ် နောက်ဆုံးမြင်ကွင်း” ဆိုပြီး WT Kaung အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။

Fb linkArchive link

သရက်သီးကောက်ရင်းကလေးငယ် ၄ ဉီးဓာတ်လိုက်သေဆုံးခဲ့ရသည့် ဒီသတင်းကို အွန်လိုင်းသုံးစွဲသူ အသီးသီး ကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ ၄ နှစ်ကတကယ့် ကြေကွဲဖွယ်အဖြစ် အပျက်တစ်ခုဖြစ်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ “သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး”လို့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တဲ့သတင်းကို DVB သတင်းဌာနက ရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

DVB

ဒီဖြစ်စဉ်မှာ အသက် ၆ နှစ်၊ ၇ နှစ်နဲ့ ၈ နှစ်အရွယ်မိန်းကလေး ၃ ဉီးနဲ့ အသက် ၄ နှစ်အရွယ်ယောင်္ကျားလေး တစ်ဉီးသေဆုံးသွားခဲ့ပါတယ်။ 7day သတင်းဌာနရေးသားခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

7day

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့မှာ ကလေးငယ်လေးဉီး သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို အခုချိန်မှာဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုသဖွယ်ပြန်လည်ရေးသားမျှဝေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

Fact Check By: Nayar Maung 

Leave a Reply

Your email address will not be published. Required fields are marked *