Fact Check: ဒါရိုက်တာကိုပေါက် အမေရိကားကိုသွားပြီဆိုတဲ့သတင်းမှား

Missing Context နိုင်ငံရေး | Politics

ဒါရိုက်တာကိုပေါက်တစ်ယောက် အမေရိကားကိုရောက်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“တာ့တာ…pdf.တို့ရေ…

ငပေါက်..US.ကိုထိုင်းမလေးလမ်းကလစ်သွားပြီ

မလေးကတဆင့်US.ဖလိုက်နဲ့.go.သွား..

သနားတယ်..စဖိုမှူးငပေါက်..လက်ရာ..နာနတ်သီးပုဇွန်ပေါင်း..ငပွတွေလျှာလည်သွားတာဖြစ်မယ်…

Sittway Thitsar @ကရင်ပြည်နယ်”လို့ ရေးသားထားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်ဟာ ထင်ရှားပါတယ်။ တကယ် တော့ ဒီလိုသတင်းမှားတွေဖြန့်မလာခင်က ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ဒါရိုက်တာကိုပေါက်က သူ့အနေနဲ့ အမေရိကား ကိုရောက်နေတာမဟုတ်ကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ရှင်းလင်းထားပါတယ်။ 

“အော် လူတွေ လူတွေ

မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့

ဟိုတစ်လောက အမေရိကန်ကလုပ်တဲ့ မြို့တွေအများကြီးဆီကို ခရီးထွက်ပြီး အလှူငွေလည်းကောက်၊လက်မှတ်တွေလည်းရယူမယ့် ပွဲအတွက် post တင်ပေးရတော့ “အမေရိကားရောက်တုန်းခရီးထွက်လိုက်အုံးမယ်”

လို့တင်ခဲ့တယ်။

ဟိုတစ်နေ့က အမေ့ထီး ပွဲအတွက် post တင်တော့

“အမေရိကားကနေ live လွှင့်မယ်”လို့ ရေးတင်ခဲ့တယ်။

ကျနော်

Mine game လုပ်လိုက်တယ်။

ချက်ခြင်းကိုထွက်ကျလာလိုက်တာ ဆဲလိုက်တာ ဆဲလိုက်တာ ပြောလိုက်ကြတာ

ပြောလိုက်ကြတာ မြင်မကောင်းဘူး။”စသည်ဖြင့်စချီရေးသားပြီး ဒါရိုက်တာကိုပေါက်အသုံးပြုနေတဲ့ ဖေ့စ်ဘွတ် အကောင့်ဖြစ်တဲ့ “Aung Min Naing”အမည်နဲ့အကောင့်က မျှဝေထားပါတယ်။

https://www.facebook.com/koaungmin.naing/posts/10209465156822964

မူရင်းလင်ခ့် – Aung Min NaingArchive link  

ကိုပေါက်က သူ့ရဲ့ဖြေရှင်းချက်မှာပြောသလို မေ ၂၈ ရက်က ပို့စ်တစ်ခုကြောင့်အခုလို ထင်ယောင်ထင်မှား ဖြစ်လာဖြစ်တာတွေ့ရပြီး ဇွန် ၅ ရက်က ရန်ပုံငွေရှာဖွေတဲ့ပွဲတစ်ခုရဲ့ live မှာ သူ့ဟာ တောတွင်းတစ်နေရာ ကနေပါဝင်ခဲ့တာတွေ့ရပြီး ဒီ live ဗွီဒီယိုထဲမှာပဲ ကိုပေါက်က “အမေရိကားမှာခြင်ကိုက်တယ်။ အမေရိကားမှာခြင်ကိုက်တော့ မီးဖိုထားရတယ် ညီမလေးရယ်၊ ညီလေးရယ်”လို့လည်း စနောက်ခဲ့ပါသေးတယ်။

သုံးသပ်ချက်

အမေရိကားကိုရောက်နေပြီဆိုတဲ့ သတင်းဟာ ကနဦးက ကိုပေါက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ပို့စ်ကြောင့် အများစုက နားလည်မှုလွဲခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာစစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေက ရည်ရွယ် ချက်နဲ့ထပ်မံပြီး သတင်းမှားဖြန့်နေခြင်း ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒါရိုက်တာကိုပေါက် အမေရိကားကိုသွားပြီဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *