
ကရင်အလံ၊ကရင်ဘာသာနဲ့ရေးသားထားတဲ့ စာတမ်းဓာတ်ပုံတစ်ချို့နှင့် ကရင်တွေက စစ်တပ်ထောက်ခံ ပွဲလုပ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာ တပ်စခန်းများ ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ဒေသခံတွေ ဆန္ဒပြနေပုံဖြစ်တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။
လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။
“NLDတွေ အထုပ်ပြင်ထားတော့ကွာ
ရွှေကရင် တွေကလဲ စစ်တပ်ကို ထောက်ခံကုန်ပြီး ဟေ့
ကုလားတပ်စိတ်နီပိန်းတွေ ပြေးလမ်းရှာထားကွ”လို့ရေးသားပြီး “ဖိုးသွန်းငယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ စစ်တပ်က လမ်းဖောက်လုပ်တာရပ်ဆိုင်းဖို့အတွက် ဖာပွန်ခရိုင် လူသောမြို့က ဒေသခံတွေ ဒီဇင်ဘာလ ၃၀ရက်က ဆန္ဒပြခဲ့တာတွေ့ရပါတယ်။
“ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မတော်ကို ဒေသခံ ကရင်တိုင်းရင်းသား ထောင်ပေါင်း များစွာ ချီတက်ဆန္ဒပြ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ခေတ်သစ်သတင်းဌာနမှာတင်ထားတဲ့ ပို့စ်မှာ ဒီဓာတ်ပုံတွေကို တွေ့ရပါတယ်။
မူရင်းလင်ခ့် – Khit Thit | Archive link
ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ KIC မှာလည်း ဒီသတင်းကိုတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဖာပွန်မှာတပ်မတော်စခန်းတွေ ရွှေ့ပေးပို့ ဆန္ဒပြတဲ့သတင်းကို တပ်မတော် ထောက်ခံပွဲဆိုပြီးတော့ မျှဝေနေခြင်းဖြစ်ပါတယ်။